အပိုင်း - ၇၂
{ အဆုံးသတ်တိုက်ပွဲ ၊ ဒုတိယပိုင်း }
ဝူးရှီးမှာ ကမ္ဘာကြီးအား ပြောင်းပြန်လှန်သွားစေနိုင်သော နက်ရှိုင်းလှသည့် အိပ်မက်တစ်ခုကို မြင်မက်နေခဲ့သည်။ ထိုအိပ်မက်မှာ လက်တွေ့လောကနှင့် လွန်စွာတူနေလှသည်။ ထိုအိပ်မက်ထဲရှိ လူတိုင်းလူတိုင်း အရာရာတိုင်းမှာ လက်တွေ့ကမ္ဘာနှင့် တူလွန်းနေသောကြောင့် မည်သည့်အရာက ပုံရိပ်ယောင်ဖြစ်ကာ မည်သည့်အရာက ပကတိအမှန်တရားဖြစ်ကြောင်း သူ မခွဲခြားနိုင်တော့ချေ။
နန်ကျန်း၏ သိပ်သည်းလှသော မြိုင်ဟေဝန်မှသည် မြင်းရထားများ စတင်ထွက်ခွာသွားသည့်နေ့ကို ဝူးရှီး မြင်မက်ခဲ့သည်။ ထို့နောက် အင်မတန်မှ ရှည်လျားလှသော လမ်းအတိုင်း ခရီးဆက်လာခဲ့ကြကာ လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ရသည်။ ထို့နောက် ကမ္ဘာပေါ်ရှိ အဖွံ့ဖြိုးဆုံး အလှပဆုံးဒေသသို့ အထီးကျန်စွာ ရောက်သွားခဲ့သည်။ မရပ်မနားစီးဆင်းနေသော မိုင်သုံးဆယ်အရှည်ရှိ ဝမ့်ယွဲ့မြစ်ကမ်းထက်ဝာွင် သီချင်းသီဆိုကာ ကခုန်မြူးတူးနေကြသော လူချောလူလှလေးများ ရှိနေကြပေ၏။
ထို့နောက်မှာတော့ ဝူးရှီးမှာ တစ်ယောက်သောသူနှင့် တွေ့ဆုံခဲ့ရသည်။ ထိုသူ၏မျက်ဝန်းများမှာ ရောက်တတ်ရာရာ လျှောက်ကြည့်နေခဲ့ကာ မြစ်ရေပြင်မှအလင်းထက် ပို၍တောက်ပနေခဲ့သည်။ ထိုသူ၏ မျက်နှာပြင်ထက်ဝယ် အပြုံးပန်းတစ်ပွင့် အမြဲပန်ဆင်ထားတတ်၏။ ထိုသူက လူ့ဘဝထဲတွင် အသက်သာဆုံးဖြစ်အောင်၊ ဇိမ်အကျဆုံးဖြစ်အောင် နေထိုင်နိုင်သည့် နည်းလမ်းများကို ပိုင်ဆိုင်သိရှိထားပေ၏။ ထိုသူက အကောင်းဆုံးသောသေရည်များနှင့် အလှဆုံးသောလူသားများကို သဘောကျနှစ်သက်တတ်သည်။ ထိုသူက ပေါ့ပါးတည်ငြိမ်စွာ ပြောတတ်ဆိုတတ် လုပ်ဆောင်တတ်ပြီး မည်သူနှင့်မှလည်း ငြင်းခုန်ခဲ့ဖူးခြင်းမရှိ။ သို့သည့်တိုင် ထိုသူ့ထံတွင် အားနည်းချက်များရှိနေသေး၏။ ၎င်းမှာ လိုက်ဖက်ညီခြင်းမရှိသော၊ ပနံသင့်ခြင်းမရှိသော ပိုးဘောင်းဘီတစ်ထည်လို ဖြစ်နေခဲ့သည်။
YOU ARE READING
အရှင်ခုနစ် [ Completed ]
Historical Fictionချစ်ခြင်းတစ်ခုကြောင့် ခုနစ်ဘဝခုနစ်လီ ကျင်လည်ခဲ့အပြီး နောက်ဆုံးခုနစ်ဘဝမြောက်မှာ ပထမမြောက်ဘဝကို ပြန်ရောက်လာတဲ့ ကျင်ပေယွမ်းဟာ အရင်ဘဝရဲ့ လမ်းဟောင်းအတိုင်းမဟုတ်ဘဲ ရွေးချယ်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုအသစ်တွေက သူ့ကို အသေဆိုးနဲ့ စောစောစီးစီး မသေရ...