ဟဲလို မင်္ဂလာပါ ပရိတ်သတ်ကြီး... ^_^
လပြည့်ညလေးမှာ အထီးကျန်စွာ နှုတ်ခွန်းဆက်လိုက်ပါပြီ ... (တကယ်တော့ တီတီတာတာ ပြောစရာလူမရှိလို့ ဒီမှာလာပြီး အာချောင်နေတာပါ 🌚]
ဒီစာရေးသူ အပိုင်းအသစ်မတင်ပဲနဲ့ ဘာပေါက်ကရလာလုပ်တာလဲတော့ အပြစ်မတင်လိုက်ပါနဲ့ အဲလိုဆို တို့သိပ်ဝမ်းနည်းသွားမယ် :-(
ပြောစရာလေးရှိလို့ နည်းနည်းလောက် အာလူးဖုတ်ပါရစေနော်..
အဲတာက ဘာလဲဆိုတော့ ယူတို့ရဲ့ ဆေးခါးကြီးအကြောင်းပေါ့ အရေးအသားပိုင်းနဲ့ပတ်သတ်ပြီး အကြံဉာဏ်လေး ဒါမှမဟုတ် ထင်မြင်ချက်လေး တောင်းချင်လို့ပါအများအားဖြင့် fictionတွေမှာ ဇာတ်ကောင်တစ်ယောက်တည်းရဲ့ နေရာက or အဓိက main characterနှစ်ယောက်ရဲ့ နေရာကနေပဲ ခံစားပြီး ရေးလေ့ရှိကြတာကို တွေ့ဖူးတယ်ပေါ့နော်
ဥပမာ_ နုငယ်ရဲ့ အမြင်ကိုရေးတယ်... အဲဒီနောက် ဆရာမဘက်ကနေ အမြင်ကို ရေးတယ် အဲလိုပေါ့ဒါမဲ့ အခုတို့ရဲ့ ဆေးခါးကြီးမှာတော့ ပါသမျှ ဇာတ်ကောင်တွေဘက်ကနေ သူတို့ခံစားချက်တွေကိုပါ ရေးထားတယ်
ဥပမာ_ကိုမြတ်မောင်ဘက်ကနေ ဘယ်လိုတွေးတယ် ခန့်န်ိုင်က ဘယ်လိုမြင်တယ် အစရှိသဖြင့်ပေါ့ဒါကြောင့် ဟိုလူ့ဘက်က ရေးလိုက် ဒီလူ့ဘက်ကရေးလိုက်နဲ့ ဖတ်ရတာ ဟိုရောက်ဒီရောက် ဖြစ်နေသလား ရှင်းရှင်းလင်းလင်းရော ရှိရဲ့လားဆိုတာ စိတ်ပူလာလို့ပါ
ဥပမာ_ အခန်း ၉က လက်ထပ်ပွဲမှာဆို သုံးယောက်လုံးရဲ့ နေရာကနေ တပြိုင်နက် ခံစားရေးထားတယ်လေ ( တော်တော်ခါးတယ်ဆိုတဲ့ အပိုင်းလေ မှတ်မိသေးလား 😅)
ဒီficမှာ အဓိကဖော်ပြချင်တာက ပတ်ဝန်းကျင်ကြောင့် ကံတရားကြောင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ချစ်လျက်နဲ့ ခွဲခဲ့ကြရတဲ့ ကောင်မလေးနှစ်ယောက်အကြောင်းပါ အဲဒီတော့ သူတို့နှစ်ယောက်ရဲ့ အတွေးအမြင်တွေကို တလှည့်စီ ရေးရတာပေါ့နော်
ဖတ်ရင်းနဲ့ နုငယ်ဆီရောက်မယ် ပြီးရင် ဆရာမဆီလည်းရောက်မယ် တလှည့်စီလိုဖြစ်နေတယ်
စာဖတ်သူတို့ မျက်စိတော့ မလည်လောက်ပါဘူးနော် :3အဲ....အဓိကပြောချင်တာက ဖတ်ရတာ အဆင်ပြေ ချော့မွေ့ရဲ့လား ဆိုတာ သိချင်တာပါပဲ အရမ်းရှုပ်ထွေးသွားမှာ စိုးရိမ်လို့လေ ကြိုးစားနေဆဲစာရေးသူဆိုပေမဲ့ တတ်နိုင်သမျှတော့ အကောင်းဆုံးဖြစ်ချင်တာပေါ့လို့
အပိုင်းသစ်တွေ အမြန်လာနိုင်အောင် ကြိုးစားမှာပါ
နောက်ပြီး ဆေးခါးကြီးတွေအတွက် ဆောတီးပါ ကြိုပြောထားချင်တာက ပျော်ပျော်ရွင်ရွင် ဇာတ်သိမ်းမှာကတော့ သေချာပါတယ်လို့
Happy Ending yayyyy..ကဲ စာရှည်သွားပြီ ထင်မြင်ချက်လေးတွေပေးခဲ့ပါဦးနော်.... ယူတို့မှာရော တီတီတာတာ ပြောစရာရှိသလား မရှိရင် တို့မေးတာ ဖြေပေးဦးလို့ အဟွန်း
ဒီမှာလာပြောရတဲ့အတွက်တော့ တောင်းပန်ပါတယ် ဒါမျိုးကို ဒီတစ်ခါပဲ တင်မှာပါ
နောက်နေ့တွေတော့ အပိုင်းသစ်ပဲတင်ပါမယ့်
ဟီးဟီး 😚Voteတွေ commentတွေအတွက်လည်း ကျေးဇူးကမ္ဘာပါပဲလို့ ❤️
YOU ARE READING
နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)
Lãng mạnGL- fiction (Unicode+ Zawgyi) About a student and a teacher ~ No matter what we are or who we are , we all deserve to love or to be loved <3