Unicode
အပိုင်း(၂၉)
နှိုးစက်နာရီက နောက်တနေ့မနက် ၇ နာရီမှာ အချိန်အတိအကျ မြည်လာသည်။
ကျန်းကျယ်ဟန့် က ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူ့ခါးကို ဖက်ထားသည့် ကုန်းကျွင့် ကို လက်ဖြင့် ပုတ်လိုက်ပြီး
"အွန်း .. နှိုးစက်ကို ပိတ်ပေးပါ..."
ကုန်းကျွင့် သည် ထိုလူသားကို သူ့ရင်ခွင်ထဲသို့ဆွဲယူကာ မျက်လုံးများကိုဖွင့်လိုက်ပြီး "အင်း... ၇ နာရီထိုးနေပြီ..." သူကသူ့လက်ရှည်ကြီးကိုဆန့်ထုတ်ကာ နှိုးစက်ကိုပိတ်လိုက်ပြီး ခေါင်းငုံ့ကာ ကျန်းကျယ်ဟန့် ပါးပြင်ကိုနမ်းလိုက်သည်။
"အင်း... ငါပြန်အိပ်ချင်တယ်... ငါ့ကိုမနှောင့်ယှက်နဲ့..."
ကျန်းကျယ်ဟန့် က သူ့လက်ကိုဖယ်လိုက်ပြီး နောက်ပြန်လှည့်ကာ ဆက်အိပ်လိုက်သည်။
"ဟုတ်ပါပြီ ဟန် ခဏ အိပ်လိုက်အုံးနော် ကျွန်တော်က အရင်ထုပ်ပိုးပြင်ဆင်လိုက်မယ်"
ကုန်းကျွင့် ကုတင်ပေါ်မှထကာသူ့ကိုစောင်သေချာပြန်ခြုံပေးလိုက်ပြီးရေချိုးခန်းထဲဝင်သွားသည်။
ရေချိုးခန်းထဲက ရေကျသံကကျန်းကျယ်ဟန့် ရဲ့ အိပ်ချင်စိတ် ကို တဖြည်းဖြည်း ပြေပျောက်စေခဲ့သည်။
"အင်း ခဏကြာရင် သူတို့ ခွဲခွာရတော့မယ် ဘယ်တော့မှအတူတူထပ်ပြီးပြန်တွေ့နိုင်မှာလဲ"
ကျန်းကျယ်ဟန့် ကတွေးရင်းဝမ်းနည်းလာမိပြန်သည်။ ရေချိုးပြီးနောက်ကုန်းကျွင့် အခန်းထဲပြန်ဝင်သွားတော့ ကျန်းကျယ်ဟန့် သည် ကုတင်ပေါ်တွင် ငေးငိုင်ပြီး ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ သူကပြုံးလိုက်ပြီးအနားလျှောက်သွားတော့ထိုလူသားက မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းစူနေသည်ကိုတွေ့လိုက်ရသည်။ သူက ကျန်းကျယ်ဟန့် ၏ မျက်နှာကိုဆွဲကိုင်လိုက်ပြီး သူ၏ နဖူး မှ မျက်လုံးများ ထိုမှတစ်ဖန် နှုတ်ခမ်းလွှာများကို တောက်လျှောက် နမ်းရှိုက် လိုက်သည်။
အစပိုင်းတွင်ကျန်းကျယ်ဟန့် သည်ငေးငိုင်စွာ ဖြင့် နမ်းခြင်းခံခဲ့ရသည်။ ခဏအကြာတွင် ကုန်းကျွင့်၏ လျှာသည် သူ့ပါးစပ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်ကို ခံစားလိုက်ရသည်။ သူက ရုတ်တရက် သတိဝင်လာပြီး လျင်မြန်စွာ ဆုတ်ခွာကာ ကုတင်ပေါ်မှ ထရပ်လိုက်သည်။
CZYTASZ
Uncontrollable Love (Completed)
Fanfictionကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...