= VLOGGER =
Unicode
by (hee-fei)
" ဒီနေ့မှ ဟန်ဂု ပြန်ရောက်တာဆ်ိုတော့ထယ်လည်း ဘတ်စ်ကားမစီးချင်တော့ဘူး။ ဘတ်စ်ကားစီးရတာပင်ပန်းတယ်။ဂျောင်ဂု အိမ်ပြန်တဲ့အချိန် ထယ့်ကိုအိမ်ပြန်ပို့ပေးခဲ့လေနော်"
ဂျောင်ဂုကိုလာပြီးဒီလိုအတင့်ရဲနိုင်သည့်သူတစ်ယောက်လေးတောင်မရှိခဲ့ဖူးပါ။ဒီတစ်ယောက်ကဘာလဲ။ကိုယ့်စိတ်တိုင်းသာဆိုရင် ဒီလူကို အခုကတည်းကအလုပ်မလာနဲ့တော့လို့ပြောလိုက်မိမှာအမှန်ပင်။ဒီတစ်ယောက်ကတော့သူလိုချင်သည့်အရည်အချင်းပြည့်စုံတာထက်ကျော်လွန်နေလို့သာပေါ့ ။ လက်မလွှတ်ချင်ဘူး သူ့ကုမ္ပဏီမှာ ဒီလိုလူတစ်ယောက်ရှိနေဖို့လည်းလိုအပ်တယ်။
" လမ်းမကြံဘူးဆိုရင်ရော"
အလုပ်စားပွဲရှိထိုင်ခုံမှာ မှီပြီးထိုင်လိုက်ကာ ခဏက ဆိုဖာပေါ်မှာထိုင်နေသည့်တစ်ယောက်ကို ကြည့်ပြီး လှမ်းပြောလိုက်တော့ အေးအေးဆေးဆေးလေးပင်ပြန်ဖြေသည့် သူ။
" မကြုံဘူးဆိုရင်တောင်မှပေါ့ "
သူ့စကားကိုပြန်ထောက်ပြီး ပြောရဲသေးသည်တဲ့လား။ခေသူတော့မဟုတ်ဘူးပဲ့။တွန့်ချိတ်နေသည့်ကိုယ့်မျက်ခုံးနှစ်ဖက်ကို ကိုယ့်ဘာသာကိုယ်ပဲ့ ဖြေလျော့ကာ ဒီလူကို သူ့ဘက်ကပဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်အလျော့ပေးလိုက်မယ်။
" ကောင်းပြီလေ ဒါပေမယ့်အခုတော့ ကိုယ့်မှာအလုပ်ရှိသေးတယ် လိုက်မပို့နိုင်သေးဘူး အက့်ဒီတော့ ခင်ဗျားစောင့်နိုင်ရင်စောင့် မစောင့်နိုင်ရင်လည်း.....ပြန်လို့ရတယ်"
စကားဆုံးတာနဲ့ ကွန်ပျူတာရှေ့ ပြန်လှည့်ကာ အလုပ်တွေဘက်မှာ အာရုံပြန်စိုက်လိုက်တော့သည်။
အရင်ကတည်းက တစ်ခြားသူတွေအပေါ်မှာ သိပ်ပြီးဂရုစိုက်တတ်သူ အလေးထားတတ်သူမဟုတ်တော့ ကင်မ်ထယ်ယောင်းဆိုသည့်လူသားကိူလည်း ထိုနည်းအတိုင်းပင်ဆက်ဆံမိသည်။ဒါပေမယ့် ဒီလူကတော့နည်းနည်းပိုမည်ထင်တယ်။သူ့ကားကို ဟိုဆော့ကလွဲ ပြီး တစ်ခြားဘယ်သူမှ စီးခွင့်ရခဲ့သည့်မရှိခဲ့ဘူးလေ။