Synopsis

2.4K 127 3
                                    

Unicode

ရှန်ရှန်းဟာ လူအများချစ်မြတ်နိုးရပါသော ဖျားနာနေသည့်ပျိုးပင်ငယ်လေးတစ်ပင်ဖြစ်ရာ၊ အသက်ရှင်သန်နိုင်ရေးအတွက် ငယ်စဉ်ကတည်းက မိန်းကလေးအသွင်ဆောင်ကာ မင်းသမီးလေးအဖြစ် ကြီးပြင်းလာခဲ့ရလေသည်။

ထို့နောက် တစ်နေ့မှာတော့ တိုင်းပြည်နှစ်ပြည်စစ်မက်ဖြစ်ပွားလာရာ မိမိတိုင်းပြည်အန္တရာယ်ထဲကျရောက်နေရ၍ အစ်ကိုတော်အားစိတ်ခွန်အားမြှင့်တင်ပေးဖို့ရန် မြို့ရိုးဆီအပြေးသွားခိုက် ရန်သူ့တိုင်းပြည်အိမ်ရှေ့စံမင်းသားရဲ့ လူသတ်မျက်ဝန်းများက သူ့ထံစိုက်ကြည့်လာလေ၏။

ထိုမျက်ဝန်းတစ်စုံဟာ ချွန်ထက်သောဓားများနှယ် ထောင်ပေါင်းများစွာသောမြင်းစစ်သည်ဗိုလ်ပါများကို ထွင်းဖောက်ကာ သူ့ရဲ့ ရင်သပ်ရှုမောဖွယ်နူးညံ့သိမ်မွေ့လှပါသောမျက်နှာပေါ်သို့ ကျရောက်လို့သွားခဲ့သည်။ 

ငြိမ်းချမ်းရေးအတွက် အပြန်အလှန်သဘောတူစာချုပ်ချုပ်ရာကနေ နှစ်ပြည်ထောင်ကြား အခြေအနေတွေဟာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပါတော့သည်။ 

မြောက်ပိုင်းအိမ်ရှေ့စံက သူ့အားအလိုလောဘကြီးစွာစူးစူးရဲရဲစိုက်ကြည့်လာပါရင်း၊ ​​ဤအလှတရားသာ လက်ဝယ်ရောက်လာပါလျှင် စစ်ပွဲအား ချက်ချင်းလက်ငင်းရပ်စဲပေးမည် ဟုဆိုလာ၍ပင်။ 

တောင်ပိုင်းတိုင်းပြည်ရှိတော်ဝင်မျိုးနွယ်များမှာ အထိတ်တလန့်ဖြင့်: ဒီမှာ မင်းက မင်းသားကို အတင်းအဓမ္မသိမ်းယူချင်နေတာလား!

ယာယီငြိမ်းချမ်းရေးအတွက်ကြိုးပမ်းနိုင်ရန် ရှန်ရှန်းမှာ တိုင်းပြည်အတွက် ဝေးလံလှရာသို့သွားရောက်လက်ဆက်ခဲ့ရကာ ကျန်းမာရေးချူချာသည်အား အခွင့်ကောင်းယူလို့ ရှာဖွေတွေ့ရှိသွားမည့်အချိန်အားနှောင့်နှေးကြန့်ကြာစေခဲ့သည်။ 
သို့ပေမယ့် အိမ်ရှေ့စံမင်းသားကျန့်ကျန်းမှာတော့ ဝံပုလွေလိုလိုကျားလိုလိုဖြင့် သူ့အား စစမြင်မြင်ချင်းကတည်းက မျိုချပစ်ချင်နေသည့်အလား။ တစ်နေ့ထက်တစ်နေ့ ပါးစပ်ထဲထည့်မစားရလေလေ သူ့ကိုပိုပိုပြီးတင်းကျပ်လာလေပဲ။ 

ရှန်ရှန်း: .....နေ့တိုင်းအတူတူနေရမှာဆိုတော့ ဒါကိုဘယ်လိုများဖုံးကွယ်ထားရပါ့မလဲနော် Ahhhh !!!

𓆩♡𓆪𓆩♡𓆪𓆩♡𓆪𓆩♡𓆪𓆩♡𓆪𓆩♡𓆪𓆩♡𓆪

Zawgyi

ရွန္ရွန္းဟာ လူအမ်ားခ်စ္ျမတ္နိုးရပါေသာ ဖ်ားနာေနသည့္ပ်ိဳးပင္ငယ္ေလးတစ္ပင္ျဖစ္ရာ၊ အသက္ရွင္သန္နိုင္ေရးအတြက္ ငယ္စဥ္ကတည္းက မိန္းကေလးအသြင္ေဆာင္ကာ မင္းသမီးေလးအျဖစ္ ႀကီးျပင္းလာခဲ့ရေလသည္။

ထို႔ေနာက္ တစ္ေန႕မွာေတာ့ တိုင္းျပည္ႏွစ္ျပည္စစ္မက္ျဖစ္ပြားလာရာ မိမိတိုင္းျပည္အႏၲရာယ္ထဲက်ေရာက္ေနရ၍ အစ္ကိုေတာ္အားစိတ္ခြန္အားျမႇင့္တင္ေပးဖို႔ရန္ ၿမိဳ႕ရိုးဆီအေျပးသြားခိုက္ ရန္သူ႕တိုင္းျပည္အိမ္ေရွ႕စံမင္းသားရဲ႕ လူသတ္မ်က္ဝန္းမ်ားက သူ႕ထံစိုက္ၾကည့္လာေလ၏။

ထိုမ်က္ဝန္းတစ္စုံဟာ ခြၽန္ထက္ေသာဓားမ်ားႏွယ္ ေထာင္ေပါင္းမ်ားစြာေသာျမင္းစစ္သည္ဗိုလ္ပါမ်ားကို ထြင္းေဖာက္ကာ သူ႕ရဲ႕ ရင္သပ္ရႈေမာဖြယ္ႏူးညံ့သိမ္ေမြ႕လွပါေသာမ်က္ႏွာေပၚသို႔ က်ေရာက္လို႔သြားခဲ့သည္။ 

ၿငိမ္းခ်မ္းေရးအတြက္ အျပန္အလွန္သေဘာတူစာခ်ဳပ္ခ်ဳပ္ရာကေန ႏွစ္ျပည္ေထာင္ၾကား အေျခအေနေတြဟာ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ပါေတာ့သည္။ 

ေျမာက္ပိုင္းအိမ္ေရွ႕စံက သူ႕အားအလိုေလာဘႀကီးစြာစူးစူးရဲရဲစိုက္ၾကည့္လာပါရင္း၊ ​​ဤအလွတရားသာ လက္ဝယ္ေရာက္လာပါလွ်င္ စစ္ပြဲအား ခ်က္ခ်င္းလက္ငင္းရပ္စဲေပးမည္ ဟုဆိုလာ၍ပင္။ 

ေတာင္ပိုင္းတိုင္းျပည္ရွိေတာ္ဝင္မ်ိဳးႏြယ္မ်ားမွာ အထိတ္တလန႔္ျဖင့္: ဒီမွာ မင္းက မင္းသားကို အတင္းအဓမၼသိမ္းယူခ်င္ေနတာလား!

ယာယီၿငိမ္းခ်မ္းေရးအတြက္ႀကိဳးပမ္းနိုင္ရန္ ရွန္ရွန္းမွာ တိုင္းျပည္အတြက္ ေဝးလံလွရာသို႔သြားေရာက္လက္ဆက္ခဲ့ရကာ က်န္းမာေရးခ်ဴခ်ာသည္အား အခြင့္ေကာင္းယူလို႔ ရွာေဖြေတြ႕ရွိသြားမည့္အခ်ိန္အားေႏွာင့္ေႏွးၾကန့္ၾကာေစခဲ့သည္။ 
သို႔ေပမယ့္ အိမ္ေရွ႕စံမင္းသားက်န့္က်န္းမွာေတာ့ ဝံပုေလြလိုလိုက်ားလိုလိုျဖင့္ သူ႕အား စစျမင္ျမင္ခ်င္းကတည္းက မ်ိဳခ်ပစ္ခ်င္ေနသည့္အလား။ တစ္ေန႕ထက္တစ္ေန႕ ပါးစပ္ထဲထည့္မစားရေလေလ သူ႕ကိုပိုပိုၿပီးတင္းက်ပ္လာေလပဲ။ 

ရွန္ရွန္း: .....ေန႕တိုင္းအတူတူေနရမွာဆိုေတာ့ ဒါကိုဘယ္လိုမ်ားဖုံးကြယ္ထားရပါ့မလဲေနာ္ Ahhhh !!!

𓆩♡𓆪𓆩♡𓆪𓆩♡𓆪𓆩♡𓆪𓆩♡𓆪𓆩♡𓆪𓆩♡𓆪

ရန်သူမင်းသားကို အတင်းအကျပ်လက်ထပ်ခိုင်းခြင်း(MM Translation)Where stories live. Discover now