LDRS

21 2 2
                                    

LDRS ( long distance relationship )

" Hi "
ကိုယ်နဲ့မသိတဲ့ account လေးကနေပြီးပို့လာတဲ့ message လေးတခု .ကိုယ်ကလဲသိပ်မချေတတ်တဲ့လူဆိုတော့ ချက်ချင်းပဲစာပြန်လိုက်တယ်
" Hi ပါ "
ပြန်ပို့လာတာက
" ကောင်လေးရှာပေးပါ "
ဟ ကောင်မလေးကအလာလေးပဲ ကိုယ်ကလဲခပ်တည်တည်နဲ့ပဲ
" ကောင်လေးတော့မရှိဘူး ကောင်မလေးပဲရှိတယ် လိုချင်ရင် ကိုယ့်ကိုယူ "
နဲနဲပါးပါးတော့ တန့်သွားမလားလို့ပြန်ပြီကြူလိုက်တာ
" ယူမယ် ယူမယ် " တဲ့လေ
အဲ့နေ့ကစပြီး ထူးဆန်းတဲ့ကောင်မလေးနဲ့စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ် ကောင်မလေးကချစ်စရာလေးရှင့်လူကိုမကြီးမကြီးနဲ့အရမ်းချွဲတာ .ကိုယ်နဲ့ယှဉ်လိုက်ရင်သေးသေးညှက်ညှက်လေး .တိန်ခနဲ ရောက်လာတဲ့ message လေး
"မကြီးရေ ဗိုက်နာနေလို့ "
" ဟောတော် ဘယ်လိုဖြစ်တာတုန်း အရမ်းနာနေတာလား "
"  စာဆက်မရိုက်ချင်တော့ဘူး VC ပြောရအောင်နော် "

သူလဲဗိုက်အရမ်းနာနေတော့ စာဆက်မရိုက်နိုင်တော့ဘူးထင်တယ်ဆိုပြီး VC ပြောမိတော့ ရုပ်ကလေးကပြောင်စပ်စပ်နဲ့ တဂယ်ကဘာမှမဖြစ်လူကိုသက်သက်စိတ်ပူရအောင်လုပ်တာ .
" ငယ် ရာ မကြီးကအရမ်းစိတ်ပူသွားတာ "
ရန်ကုန်သူလေး ငယ်က စကားပြောတဲ့အချိန်တိုင်းအရမ်းချွဲနေတော့တာပါပဲ.
တပတ်လောက်လဲကြာရော
" မကြီး အရင်တုန်းက မကြီးကိုငယ်ယူမယ်လို့ပြောခဲ့တာ တဂယ်ပြောတာနော် "
ကိုယ်ကလဲအခုတလော သူမကိုသဘောကျနေမိတော့
" မကြီးကလဲတဂယ်ပေးမှာပါ ယူယူ "
အဲ့နေ့ကစပြီး တွဲခဲ့ကြတယ်. နေ့တိုင်းနေ့တိုင်း VC ပြောတာကတော့မပါမဖြစ်
" ငယ် ညနက်တဲ့အထိမနေနဲ့နော် အိပ်ရေးပျက်တယ် "
ချစ်ပေမဲ့လဲအလိုမလိုက်နိုင် .ငယ်နေမကောင်းလို့လိုင်းမတက်ရင်လွမ်းရတာကကိုယ်လေ.ငယ့်အသက်က 19.ကိုယ်ကတော့ 21 .2 နှစ်ပဲငယ်တဲ့သူမကတခြားသူတွေနဲ့ဆိုရင့်ကျက်တည်ငြိမ်ပြီး ကိုယ်နဲ့ဆိုရင်ကြောင်ပေါက်ကလေးအလား.
ကိုယ့်နံမယ်က ဟန်သာလွင်ပါ. သူမလေးကတော့ မြသက်ဖူးငုံ တဲ့

8 months ပြည့်တဲ့နေ့

8 လမပြည့်ခင်နှစ်ရက်လောက်ကထဲကငယ်နဲ့အဆက်အသွယ်မရ. အစက LDRS မလို့ချစ်သူသက်တမ်းသိပ်မကြာဘူးတွေးမိတာ အခုတော့ 8 လကြာတဲ့အပြင် တဂယ်ချစ်မိသွားပါသတဲ့.ညက ငယ်လိုင်းတက်လာမလားဆိုပြီးစောင့်နေခဲ့တာ မနက် 2 နာရီမှအိပ်ရတော့လူကငိုင်တိုင်တိုင်.မနက်စာစားတော့ မေမေက နေမကောင်းဘူးလားတဲ့ အမေနဲ့သမီးပဲရှိတော့တာကြောင့်ကိုယ့်ကိုတော့အမေကအရမ်းချစ်သည်လေ အိပ်ရေးမဝလို့လို့ပြောတော့မနက်စာစားပြီးပြန်အိပ်စေသည် မေမေကတော့ သူဖွင့်ထားတဲ့ phone ဆိုင်သို့ထွက်သွားသည်.
ကိုယ်လဲ အိပ်ယာထဲပြန်ခွေနေတုန်း phone လာလို့ကြည့်လိုက်တော့ ငယ့်ဆီက. phone ကိုချက်ချင်းကောက်ကိုင်လိုက်ကာ

LDRSWhere stories live. Discover now