❄️ဆောင်းနဲ့အတူနိုးထခဲ့ပြီ❄️
☃️☃️ Yizhan Fanfic ☃️☃️
🎄🎄 Part 4 🎄🎄
ရှောင်မား ကျိုးချန်နဲ့ဖန်ရှင်းတို့ ၃ယောက်သား တောင်ပတ်လမ်းအတိုင်းလာခဲ့ကြတော့တယ်။
လမ်းမှာတွေ့တဲ့လူတွေကိုလည်း ရှောင်ကျန့် ဓာတ်ပုံကိုပြပြီးမေးရတာအမော။
တွေ့မိသလို မသိသလိုနဲ့အဖြေတွေကမရေရာချေ။
""သားကျန့်တော့ ဒုက္ခရောက်ပါပြီကွယ်"" ရှောင်မားပြောကာငိုနေတော့တယ်။
ကျိုးချန်နဲ့ ဖန်ရှင်းမှာလည်း စိတ်မကောင်းဖြစ်နေကြလေတယ်။
သူတို့တဖြည်းဖြည်းတက်လာကြရာတောင်ပေါ်ပင်ရောက်လာပြီ
နှင်းတွေကလည်း တဖွဲဖွဲကြနေတာ မိုးပေါက်တွေအလားပင်။
တောင်ပေါ်အပေါ်စီးကမြို့ရဲ့အလှတရားများကိုလည်း မခံစားနိုင်ကြ သားအတွက်နဲ့ သူငယ်ချင်းအတွက် စိတ်ပူနေကြလို့ပင်။
ရှောင်မားကြည့်နေရင်း တောင်အောက် လျှိုမြောင်အတွင်းဘက်နားမှရှောင်ကျန့်ရဲ့ မာဖလာပုံစံတူလေးကို ပြပြလေးလှမ်းမြင်ရလေတယ်။
ဟုတ်မဟုတ်မသေချာပေမဲ့ ခုချိန်မှာကောက်ရိုးတမျှင်ကလည်း သူတို့အတွက်အသုံးဝင်တယ်လေ။
""သားတို့ ဟိုးလျှိုနားက မာဖလာလေးကို လှမ်းမြင်ကြလား အဲ့ဒါသားကျန့်ဟာလို့အန်တီထင်တယ်""
ကျိုးချန်နဲ့ ဖန်ရှင်းလည်း ရှောင်မားပြောတဲ့နေရာကိုကြည့်လိုက်တော့ သူတို့လည်းပြပြလေးလှမ်းမြင်လေတယ်။
""ဟုတ်တယ်အန်တီ သားတို့သွားကြမလား""ဖန်ရှင်းကပြောလေတယ်
""နေအုံး သားကောင်တွေဘာတွေရှိမလားမသိဘူး""ဟု ကျိုးချန်ကစဉ်းစားသလိုပြောတော့တယ်။
""ဟ ဒီတောင်မှာ ဘယ်အချိန်ကသားကောင်ရှိတယ်လို့ကြားဖူးလို့လည်း""
""အရင်မရှိပေမဲ့ အခုရှိနေရင်ကော မင်းပြောနိုင်လားဖန်ရှင်း""
ကျိုးချန် စကားကမှန်နေသဖြင့် ဖန်ရှင်းဆက်မပြောတော့ပေ။
YOU ARE READING
ဆောင်းနဲ့အတူနိုးထခဲ့ပြီ (Uni+ Zyi)(Ongoing)
Фанфикသာသာရဲ့ပြိုင်ပွဲဝင်Yizhan fan ficလေးကိုအားပေးကြပါအုံးနော်။ Fantasy အမျိုးအစားဖြစ်လို့ တမျိုးလေးဆန်းနေမှာပါနော် မနက်ဖန်ကစပြီး ရေးပြီးတဲ့ အပိုင်းတိုင်းupပါမယ်ရှင့်။ Wp တစ်ခုထဲကတင်ရမို့ အားပေးကြပါအုံးနော်။ဒါဒါလေးတို့aini