Part 4 ( U + Z)

1K 77 6
                                    

၂၀၁၉....... တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ( အနှစ်နှစ်ဆယ်ကြာပြီးနောက်......)

ပြေး.....ပြေး......ပြေး......။ မရပ်မနားတမ်း သူပြေးခဲ့ရတာဘယ်လောက်ကြာပြီလည်း။ သူ့နောက်မှာလူတွေ တစ်အုပ်ကြီးပြေးလိုက်လာသည်။ မိများမိလိုက်လို့ကတော့ သူ့တစ်ကိုယ်လုံးရစရာမရှိအောင် အရိုးအသားတစ်စစီဖြစ်အောင်ဖဲ့ရွဲ့ပစ်ကြလိမ့်မည်။ သူ့ဘဝတစ် လျှောက်လုံး သူမမှတ်မိသလောက်ကအဲ့ဒီလို ပြေးလွှာနေရတာချည်းပင်။ မတော်တဆမိသွားလို့ဖူးယောင်ကျိုးပဲ့လောက်အောင် အရိုက်အနှက်၊ အထိုးအကျိတ်အကန်အကြောက်ခံခဲ့ ရတာတွေလည်းမရေတွက်နိုင်ခဲ့။ အချုပ်ခန်း ထဲလည်း အိမ်ဦးနဲ့ကြမ်းပြင်လိုဝင်ထွက်နေခဲ့ ရသည်ပင်။ အနှစ်နှစ်ဆယ်လောက်ရှိခဲ့ပြီ ။ သူခါးပိုက်နှိုက်ပညာကို အဖေနဲ့အမေ့ဆီကနေ အမွေဆက်ခံသင်ယူခဲ့ရသည်။ နေ့တိုင်းဒါပဲလုပ်စားနေတာဆိုတောဘ သူ့အဆင့်က သမ္ဘာ အဆင့်တောင်ရောက်လို့တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း ကံမကောင်းသောဒီလိုအခါမျိုးမှာတော့ သူ့အသက် လုပြီးပြေးရတတ်ပါသည်။ တကယ်တော့ အဖေနဲ့အမေရှိစဥ်က တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကိုရှောင်နေကျပါ။ သူကအရမ်းသွားချင်ပေမယ့်မသွားရပါ။ သူ့ရဲ့ငယ်ဘဝကို သူသိပ်မမှတ်မိချင်တော့ပေမယ့် တောင်ကြီး တန်ဆောင်တိုင်ပွဲမှာ သူ့မိဘတွေနှင့်ကွဲခဲ့ရတာကိုတေည့အသည်းစွဲနေအောင်မှတ်မိနေခဲ့ပါသည်။

မနှစ်ကတော့ အဖေနဲ့အမေ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ပြီး သူတစ်ယောက်တည်းကျန်ရစ် ခဲ့ရပါသည်။ အနှစ်နှစ်ဆယ်လုံးလုံး အတူနေ၊အတူစား၊အတူအိပ်၊အတူထောင်ကျခဲ့ရသော မွေးစားမိဘတွေကိုတော့ သူလွမ်းမိပါသည်။ သူပညာလည်းမသင်ခဲ့ရ ခါးပိုက်နှုက်ပညာ ကလွဲလို့ တခြားဘာမှသူဘာမှမလုပ်တတ်ပါ။ ခုဆို သူ့ရုပ်က မိန်းကလေးရုပ်တစ်စက်မှမရှိတော့ဘူး။ လုံးဝယောင်္ကျားလေးပုံစံအတိုင်းပါပဲ။ သူ့မွေးစားမိဘတွေက သူ့ကိုမိန်းခလေးလို ဝတ်ခွင့်မပေးခဲ့ဘူး။ အင်လေ...သူ့ဘဝက ဇရပ်တွေမှာရှာအိပ်၊ဖြစ်သလိုစား၊ လစ်သလိုနှိုက်ရင်း သူ့တစ်ယောက်တည်းပဲဆိုတော့မိန်းကလေးတွေလိုဝတ်ရင် သူ့အတွက်အန္တရာယ်ရှိနိုင်တာကိုသူတို့တွေးမိလို့ထင်ပါတယ်လေ...။ ခုမွေးစားမိဘတွေမရှိတော့မှ လက်ဖျံမှာတစ်ချိန်လုံးကပ်ထားခဲ့ရသော ပလာစတာကို ခွာခွင့်ရသလို နှစ်တိုင်းရှောင်ခဲ့ရသော တောင်ကြီးတန်ဆောင်တိုင်ကိုလည်း ဒီနှစ်တော့ ရောက်အောင်လာခဲ့မိကာမှ သူကံဆိုးခြင်းဖြစ်သည်။

မရဲ့....မူပိုင်ရှင်Where stories live. Discover now