VOL-1 Chapter 5

57 9 4
                                    

အပိုင်း [ ဒုတိယအကြိမ်တွေ့ဆုံမှု ]

သုံးနှစ်မှတကြိမ် တောင်ခြေသို့တရားဝင်ခွင့်ပြုချက်ဖြင့် ဆင်းရမည်ဖြစ်သည့်အပြင် ကံကောင်းလျှင် ချိုင်ယင်းမှမိန်းမလှလေးများစွာနှင့်တွေ့ရမည်ဖြစ်၍ သူ၏ဝတ်ရုံကို သေသေသပ်သပ်ပြင်ဆင်လိုက်လေသည်။ ယင်းဟွားဆန်းမှ ဂိုဏ်းတပည့်ခေါင်းဆောင်ဖြစ်သည့်အလျောက် ဗေဒါရောင်ဝတ်ရုံရှည်မှာ မြင့်မားသော အရပ်အမောင်းနှင့် လိုက်ဖက်လွန်းစွာ အချိုးကျကျ စမတ်ကျနေ၏။

သစ်သားတံခါးမအား ဘေးတိုက်တွန်းဖွင့်ပြီးနောက် ယုံကြည်မှုလွန်ကဲသော ခြေလှမ်းတို့ဖြင့် လျှောက်လှမ်းချိန်..။

"ဟေ့ကောင် မော့ယဲ့"

မော့ဖေး၏ အာခေါင်ခြစ်ခေါ်သံကြောင့် ဘာမှမရှိသော လျှောက်လမ်းထက် ခလုတ်တိုက်လဲချင်သလိုပင်ဖြစ်သွားတော့သည်။

"ဘာတုန်း"

ဘောက်စပ်စပ်ပြန်ဖြေပေးလိုက်သော် မော့ဖေးက ရယ်၏။

"မင်းတစ်ခုခုမေ့ကျန်ခဲ့ပြီ"

"ကျန်ခဲ့ရမှာဆိုလို့ ငါ့ရဲ့ခြေရာတွေနဲ့ ပိုလျှံနေတဲ့ ချောမောခန့်ညားခြင်းတွေပဲရှိတယ်"

မော့ဖေး မျက်နှာ ရှုံ့တွသွားတော့သည်။ ညီအစ်ကိုတွေထဲ အစ်ကိုကြီးဖြစ်သူ မော့ယဲ့မှာ ကျန်သည့် နေရာတွင် ထူးချွန်သော်လည်း ဤသို့ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေခြင်းမှာ ချွင်းချက်။

"အကျိုးနည်း..ငါ့အစ်ကိုရေ..အရေးကြီးတဲ့ အသက်သွေးနီကျောက်ကိုမှ မင်းမေ့နေတာကွ"

ထိုအချိန်မှ မော့ယဲ့သည် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်သော် ခါးစီးကြိုးတွင် ချိတ်ဆွဲထားရမည် ဖြစ်သည့် အသက်သွေးနီကျောက် တနည်း ယင်းဟွားဆန်း၏တရားဝင်ဂိုဏ်းတပည့် အမှတ်အသားကျောက်နီတစ်ခု။

"သွားသွား မြန်မြန်ပြန်သွားယူ..အကြီးအကဲချမ့်ဟွားနဲ့တွေ့ရင် အပြောခံနေရဦးမယ်"

ဗေဒါရောင်ဝတ်ရုံတကားကားနှင့် မော့ယဲ့မှာ သူ၏အဆောင်သို့ အပြေးအလွှား။

YUN : A tale of YingHua Mountain Where stories live. Discover now