Unicode
အပိုင်း(၃၀)
ကုန်းကျွင့်၏ Xiamen ရိုက်ကူးရေးအစီအစဥ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်ပြီးကတည်းက နှစ်ယောက်သား အနီးနားရှိ ဝန်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များ သည် သူတို့ကြားရှိ ချိုအီနေသော ဗီဒီယို ဖုန်းခေါ်ဆိုခြင်းကို ကျင့်သားရနေပုံရသည်။
ကုန်းကျွင့် က ရိုက်ကွင်းကနေ ဆင်းပြီး တာနဲ့ သူ့လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီးကျန်းကျယ်ဟန့် ဆီ မက်ဆေ့ချ်ပို့လိုက်သည်။
Gong Jun Simon🐶: [ကျွန်တော် ရိုက်ကွင်းပြီးပြီ ဟန် က Live Stream အတွက်ပြင်နေတာလား]
ZZHFZ🏀: [ဟုတ်တယ်]
Gong Jun Simon : [ဟန် Douyin တင်ထားတာတွေ့တယ်]
ZZHFZ 🏀: [ မွေးနေ့ပါတီဟာလား】
Gong Jun Simon🐶: [တောင်းပန်ပါတယ် ဟန့် ကျွန်တော် အဲ့နေ့ ရိုက်ကူးရေးရှိလို့ ...]
ZZHFZ 🏀: [မင်းကို လာဖို့ ငါ မမျှော်လင့်ထားဘူး။ မင်း အလုပ်ရှုပ်နေတာသိသားပဲ 🙄]
ကုန်းကျွင့် က ဖုန်းကို ပြုံးစိစိဖြင့် ကြည့်ကာ သူ၏ ဟန် ကို Birthday Surprise ပေးဖို့ အကြံအစည်ထုတ်နေသည်။
Gong Jun Simon🐶: [ဟင့်.. ကျွန်တော်တို့ ချစ်သူဖြစ်ပြီးနောက် ဟန့် ရဲ့ ပထမဆုံးမွေးနေ့မှာ ဟန် နဲ့ အတူရှိနေလို့မရတာ စိတ်မကောင်းဘူး...]
ကုန်းကျွင့် က အရမ်းအလုပ်များနေမှန်းသိပေမယ့် သူ့မွေးနေ့ပွဲကို မလာနိုင်တာတော့ ကျန်းကျယ်ဟန့်က အနည်းငယ်စိတ်ပျက်မိကာ ဖုန်းကြည့်ပြီး သက်ပြင်းချလိုက်သည်။
ZZHFZ 🏀: [ထားပါတော့လေ...ပိုက်ဆံရှာဖို့ အရေးကြီးတယ်မဟုတ်လား ]
Gong Jun Simon🐶: [ဟုတ်ကဲ့ပါ အရမ်း လွမ်းတယ် ဟန့် ❤️~]ကုန်းကျွင့်က ဖုန်းချလိုက်ပြီးနောက် ဒါရိုက်တာကရိုက်ကွင်းစတော့မည် ကို မြင်သောကြောင့်သူကစကားစလိုက်သည်။
"ဒါရိုက်တာကြီး ကျွန်တော် တစ်ခုလောက် ဆွေးနွေးချင်လို့..."
"ဘာကိစ္စရှိလို့လဲ ကုန်းလောင်ရှီး"
"ကျွန်တော် ခွင့် ၃ ရက်လောက်ယူလို့ ရမလား"
ကုန်းကျွင့် က အားနာစွာ ပြောလိုက်သည်။
VOCÊ ESTÁ LENDO
Uncontrollable Love (Completed)
Fanficကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...