71[U&Z]

3.8K 464 9
                                    

[Unicode]

စိုးရိမ်စိတ်များစွာနဲ့ ကုတင်ပေါ်မှာပဲ ညတွေ ကျော်ဖြတ်သွားပြီးတဲ့နောက်မှာတော့ နင်မုန့် အတိတ် အကြောင်းအရာ အနည်းငယ်ကို သဘောပေါက်လို့ သွားသည်။ "Shifting to Mars"က ပြီးပြည့်စုံခါနီးထိ ကောင်းမွန်တဲ့ ရုပ်ရှင်ဖြစ်ခဲ့၏။ ပြီးတော့ သူမကအခု ထိုဇာတ်လမ်း နောက်တဆင့် ပြီးပြည့်စုံနိုင်ဖို့ အလားအလာ ရှိသည်အထိ တိုးမြှင့်ပေးလိုက်လေပြီ။ အဲ့အတွက် နောင်တရလား ဆိုရင်တော့ သေချာပေါက်ကို နောင်တ ရစရာ မရှိပါဘူး။

ထိုသို့ နားလည်ပြီးတဲ့အခါ နောက်ဆုံးမှာတော့ သူမ အေးဆေး အိပ်ပျော်လို့ သွားလေတော့၏။ ကုမ္ပဏီသို့ နင်မုန့် ရောက်တဲ့အခါ သူမ မျက်လုံးတွေက အားအင်တို့နဲ့ တောက်ပနေသည်။ တဖက်မှ သူမ အဖေကတော့ မျက်လုံးအောက် မဲသဲနေပြီး မသိလျင် ပန်ဒါတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။

"အိပ် မရလို့လား အဖေ" နင်မုန့် မေးလိုက်သည်။

"မဖြစ်ပါဘူး လုံး၀ မဖြစ်ပါဘူး" နင်ဝမ့်ထောင် အားပျော့စွာ ဖြေလိုက်သည်။

"?"

"ဘာလို့ဆို မျက်တောင်တခပ်လေးတောင် မအိပ်ရသေးလို့"

"..."

နင်မုန့် တစ်ခုခု ပြောမယ့် အချိန်မှာပဲ တစ်စုံတယောက်က တံခါးခေါက်လာသည်။

အားနည်းချက်ကို ဖုံးဖို့အတွက် နင်ဝမ့်ထောင် ခပ်မတ်မတ် ထိုင်လိုက်ပြီး "ဝင်ခဲ့"

"မစ္စတာနင် ရုံဝင်ငွေစာရင်း ထွက်မယ့်‌နေ့ ရောက်လာပါပြီ။ မစ္စချောင်ကလည်း ရှာနေပါတယ်" ရုံးခန်းထဲသို့ အတွင်းရေးမှူး ဝင်လာပြီး တင်ပြလိုက်သည်။

"ကောင်းပြီ။ ငါလာခဲ့မယ်"

နင်ဝမ့်ထောင် မတ်တပ်ရပ်လိုက်ပြီး နင်မုန့်နဲ့အတူ အပြင်ထွက်သွားလိုက်သည်။

အတွင်းရေးမှူးက သိချင်စိတ်ကြီးစွာ မေးလိုက်သည်။ "မစ္စတာနင် စိတ်မပူဘူးလား"

နင်ဝမ့်ထောင်ကတော့ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ဘာကို စိတ်ပူရမှာလဲ။ ငါက ဒီထက်ဆိုးတဲ့ မုန်တိုင်းတွေတောင် ဖြတ်ကျော်လာနိုင်ခဲ့တဲ့ သူပါ။ မင်းတို့ လူငယ်တွေက အရမ်း စိတ်ဓာတ် ပျော့ညံ့လိုက်တာ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now