Unicode
မီးရောင်စုံပြိုးပြိုးပြက်ပြက်တွေအောက်လူငယ်လူရွယ်လေးများစိတ်လွတ်ကိုယ်လွတ်ကခုန်နေကြသည်။ Gay Bar ဖြစ်သောကြောင့်နေရာတိုင်းမှာယောက်ျားပျိုများသာရှိသည်။ ထိုကခုန်နေကြသောသူများအကြားတိုင်တစ်ခုကိုကိုင်ကာ sexy ကကွက်များကနေသောကောင်လေးမှာမိန်းကလေးများကြားရေပန်းစားရုံသာမကယောက်ျားလေးများ၏သဘောကျခြင်းကိုပါရရှိထားသောနှင်းဆီခိုင်လေးဖြစ်သညါ။
သူ၏မျက်နှာလေးထက်မှာမိန်းကလေးတိုင်းအရှုံးပေးရလောက်အောင်ကိုလှပနေသောနှုတ်ခမ်းဖူးဖူးလေးရှိနေသည့်အပြင်မျက်လုံးအောက်ကမှဲ့ကလေးမှာလည်းထင်ရှားလို့နေသည်။ သံစဉ်တွေထဲပျော်မွေ့ကာခန္ဓာကိုယ်လေးကိုစည်းချက်ကျကျလှုပ်ရှားလိုက်တိုင်း crop top အတိုလေးနှင့် jean pant ကြားကလစ်ဟာနေသောခါးသေးသေးသွယ်သွယ်လေးမှာလည်းမြင်သူတကာရင်ဖိုစေသည်။ ကလို့မောသွားတော့မှစင်ပေါ်ကဆင်းလာပြီးသူငယ်ချင်းတွေကြားဝင်ထိုင်ကာစားပွဲပေါ်တွင်အသင့်ရှိနေပါသောဝိုင်ခွက်လေးအားမော့ချလိုက်သည်။
" Zhe Han မင်းကတော့အမြဲတမ်းလူတွေရဲ့အကြည့်ကိုဖမ်းစားထားနိုင်တာပဲ "
" မင်းစင်ပေါ်တက်သွားတည်းကဟိုထောင့်ကဘဲကြီးမင်းကိုသရေတမြမြနဲ့ကြည့်နေတာ "
သူငယ်ချင်းတွေရဲ့စကားကိုလျစ်လျူရှုကာစီးကရက်ဘူးထဲမှတစ်လိပ်ကိုမီးညှိပြီးဖွာလိုက်သည်။
" မင်းဒီနေ့ဘာဇယားအသစ်တွေရှိသေးလဲ Miles Wei "
" အမလေး... အစ်ကိုလေးမင်းဒီနေ့တော့စောစောပြန်မှရမယ်ထင်တယ်။ Jin Wei နဲ့ငါမင်းကိုလာခေါ်တည်းကမင်းရဲ့မေမေလေးကငါတို့နှစ်ယောက်ကိုနားမုဒိန်းကျင့်လိုက်တာ။ မင်းဒယ်ဒီကြီးမနက်ကျခရီးကပြန်လာမှာမို့လို့စောစောပြန်ခဲ့ပါတဲ့ "
" ဟုတ်တယ်ဟေ့ကောင်ရေ။ ငါတို့ကိုပြောနေတုန်းသူ့မျက်နှာကပြိုတော့မယ့်မိုးလိုဖြစ်နေတာ ဟား... ဟား.. ဟား... "
Zhang Zhe Han တို့စကားပြောနေချိန်မှာပဲမျက်နှာချင်းဆိုင်ဝိုင်းမှသက်လတ်ပိုင်းအရွယ်ရှိသောယောက်ျားတစ်ယောက်ရောက်လို့လာသည်။
YOU ARE READING
My Bad Boy
Fanfictionမင်းသိပ်ဆိုးတယ်ဟန်........ မင်းကိုမြင်တိုင်းခုန်နေတတ်တဲ့ကိုယ့်နှလုံးသားလေးကပိုဆိုးတယ်ဟန်........