WHELVE (Unicode)

385 30 7
                                    

ဒီနေ့က ချန်တူးမြို့မှာတော့ ချမ်းအေးလွန်းတဲ့ ခရစ်စမက်နေ့၊ တစ်နည်းအားဖြင့်တော့ သူနဲ့ကျွန်တော်ကို ကံကြမ္မာက စတင်ဆုံစည်းစေခဲ့သည့်ဘသတိမရချင်ပေမဲ့ ဘယ်လိုနည်းနဲ့မှ မေ့လို့မရတဲ့ ဒီဇင်ဘာလ ၂၅ရက်နေ့။

ခရစ်စမက်နေ့ဖြစ်သည့်အလျောက်ရုံးပိတ်ရက်လည်းဖြစ်ရာ ဘုရားကျောင်းမှတာဝန်ရှိသူများနှင့် အငယ်တည်းက ခင်မင်နေခဲ့သောကြောင့် အထိန်းအမှတ်ပွဲတော်နေ့၌ ဝိုင်းဝန်းကူညီရန်တစ်ကြောင်း၊ ဖာသာက လာရောက်ဆင်နွှဲရန် ခေါ်သောကြောင့် နှစ်စဉ်မပြတ် သွားခဲ့သည်။

ဒီနှစ်လည်း ထုံးစံအတိုင်း သွားရဦးမည်ဖြစ်ရာဘမနက်ရှစ်နာရီခန့်ထပြီး ရေနွေးနွေးဖြင့် ရေမိုးချိုးကာ ပြင်ဆင်ပြီးနောက် ကိုးနာရီမထိုးခင်ကပင် သူဘုရားကျောင်းသို့ထွက်ခဲ့လိုက်သည်။ မနက်ခင်းလေအေးအေးနှင့် မြူငွေ့တို့ကြား ယွင်ရှီး တစ်ချက်မျှတုန်တတ်သွားရ၏။ အလုပ်သွားအလုပ်ပြန် အကျင့်ဖြစ်နေတာတောင်မှ အအေးဓာတ်က အတော်လေးကို ပြင်းထန်ပေသည်။

ပြောရလျှင်တော့ ဘုရားကျောင်းနှင့် သူ့အိမ်က အဝေးကြီးတော့ မဟုတ်ချေ။ ဆယ့်ငါးမိနစ်ခန့်သာ လမ်းလျှောက်ရန်လိုပေသည်။

သူသည် အသက်သုံးဆယ့်သုံးနှစ်အရွယ် လူလွတ်တစ်ယောက်ဖြစ်၏။ မိဘများကလည်း သူငယ်ငယ်တည်းက ဆုံးပါးသွားခဲ့ရာ ငယ်စဉ်တည်းကသူ့ကိုစောင့်ရှောက်ထားခဲ့သည်မှာ ဘုရားကျောင်းတွင် လက်ရှိ ဖာသာအဖြစ်ရှိနေသူ၏ အစ်မဖြစ်သူမှ သူ့အား ငယ်စဉ်တည်းက အထက်တန်းပြီးသည်အထိ စောင့်ရှောက်လာပေးခဲ့သည်။

အထက်တန်းအောင်ပြီးနောက် တက္ကသိုလ်တန်းမတတ်သေးပဲ တက္ကသိုလ်ကျောင်းသားဘဝ၌ လောက်လောက်ငှငှဖြစ်ဖို့ ပိုက်ဆံရှာရန် တစ်နှစ်ကျော်လောက် အလုပ်ကုန်းရုန်းလုပ်ရသေးသည်။ သူ့အသက် ၂၃တွင် တက္ကသိုလ်မှ သင်္ချာအထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ကာ ကံသီစွာဖြင့် ကုမ္ပဏီတစ်ခု၌ အလုပ်ရခဲ့သည်။ အလုပ်ကတော့ လွန်ခဲ့သည့် နှစ်နှစ်လောက်အထိ ရှန့်ဟိုင်ရုံးမှာလုပ်ခဲ့သော်လည်း မနှစ်က ချန်တူးသို့ transferမိန့်ကျပြီး ပြောင်းရွှေ့လာခဲ့ရခြင်းပင်။ မရောက်တာကြာပြီဖြစ်သော်လည်းသူ၏မွေးရပ်မြေဖြစ်သော အေးချမ်းသည့်မြို့လေးမှ ဖော်ရွေသော အိမ်နီးချင်းများကြောင့်နေပျော်ပါသည်။ သည့်အပြင် သူသဘောကျသည့် ရှူခင်းလှလှတွေလည်း အများကြီးရှိတာကိုး။ လစာအနေအထားကတော့ အများကြီး ပိုလျံတယ်လို့မဟုတ်သော်ငြား သူ့လို တစ်ကောင်ကြွက်တစ်ယောက်အတွက်တော့ စုမိဆောင်းမိရှိ၏။

WHELVE [COMPLETED]Where stories live. Discover now