[Unicode]
ထယ်ယောင်း အခုတလော တော်တော် စိတ်ဖိစီးနေရသော ကိစ္စတစ်ခု ရှိနေသည်။
အခုလဲ သူ့ရုံးခန်းထဲမှ စားပွဲပေါ်တွင် မှန်အား တင်ကာ ခဏခဏ ကြည့်နေလျက်။
ဘေးမှ အတွင်းရေးမှူး ဂို ကတော့ သူမရှိသလိုသာ ငြိမ်ငြိမ်လေး ရပ်လျက် ဟန်ဆောင်နေသည်။
"အတွင်းရေးမှူး ဂို"
"ဟုတ် ပြောပါ CEO ခင်ဗျ"
အတွင်းရေးမှူး ဂိုလဲ အခုမှ အသက်ဝင်လာသလို မြန်မြန် ဖြေမိသည်။
အခုတလော သူတို့ သူဌေး စိတ်အခြေအနေက ကောင်းနေတာ မဟုတ်ဘူးလေ။"ကျွန်တော် အရမ်းအိုနေပြီလား"
"အာ သူဌေးကလဲဗျာ အခုမှ သူဌေးက အသက် ၂၄ နှစ် စွန်းစွန်းပဲ ရှိသေးတာကို"
"မဟုတ်ဘူး
ရုပ်ရည်ကို ပြောတာ""နိုးပါ သူဌေးလောက် ခန့်ညားနေတာ သူဌေးပဲ ရှိတာကို
ကျွန်တော့ကို မနောက်ပါနဲ့ဗျာ"ဟုတ်တယ်လေ။
သူတို့ သူဌေးက ဒီလောက် ချောမောနေတာကို။"ဒါဆို ဂျောင်ကုနဲ့ ကျွန်တော် ကို ဘယ်လို မြင်လဲ"
"အာ လိုက်ဖက်တဲ့ စုံတွဲလေးပါ ခင်ဗျ ဟီး"
သွား ၃၂ ချောင်းလုံး ပေါ်အောင်သာ ဖြီးပြရင်း ပြောမိသည်။
'တစ်ခါတစ်လေ သားအဖပုံလေး နည်းနည်းပေါက် တာ က လွဲရင်ပေါ့လေ'
အဲ့စကားကိုတော့ တကယ် ထုတ်မပြောရဲပါ။
သူ့သူဌေး၏ အနာပေါ် တုတ်ကျသွား လို့ကတော့ သူပါ ပတ်ရမ်းခံရမှာ။
အခန့်မသင့်ရင် အလုပ်ပါ ပြုတ် သွားနိုင်သည်လေ။
"ဟုတ်လား ဟင်း.."
ထယ်ယောင်းကတော့ သက်ပြင်းလေး ချလျက်။ သူအခုတလော စိတ်ဖိစီး နေရသည်မှာ ဤကိစ္စပင်။
သူ၏ ချစ်သူလေး ဂျွန်ဂျောင်ကုက ဆိုလ်း အမျိုးသား တက္ကသိုလ် စီးပွါးရေး မေဂျာမှ ပထမနှစ် ကျောင်းသားလေးလေ။ အသက်ကလဲ ၁၈ နှစ်ပြည့်ပြီးကာစ ဖြူဖြူဥဥ လေးမလို့ သူ့မှာ အရမ်းတွေလဲ အကဲပိုရ ပါသည်။
YOU ARE READING
My Boyfriend is the cutest in this world | s h o r t s |
Krótkie OpowiadaniaI'm here to announce everyone that my boyfriend Jungkook is the cutest, the prettiest in this world. If you have any problems, go argue with the wall - someone anonymous but his boyfriend fr -