part6🤒

1.2K 53 5
                                    

" ဒါကဘယ်လိုဖြစ်နေကြတာလဲ "

မေးပြီးဝင်လာသော ရိပေါ်ကိုတွေ့သည်နှင့် နှစ်ယောက်လုံးထိတ်လန့်သွားကြသည်ကို တွေ့၍ ရိပေါ်ပို၍ပင်စိတ်တိုမိသွားသည်။အခုသူတို့ပုံစံက သူခိုးလူမိသွားသလို ဖြစ်နေသောကြောင့်ပင်။

အမှန် သူတို့နှစ်ယောက်ကတော့ ရိပေါ်အထင်လွဲသွားမည်ကို စိုးရိမ်သောကြောင့် ထိတ်လန့်ကြခြင်းဖြစ်သည်။သူတို့နှစ်ယောက်ကြောင်ကြည့်နေစဥ်မှာပင် ရိပေါ်မှ"~~~

" ကျွန်တော်ပြန်ရောက်လာလို့ အနှောင့်ယှက်ဖြစ်သွားတယ်ထင်ပါ့  sryပါ "

ပြောပြီး ခနဲ့ပြုံးပြုံးကာ အပေါ်ထပ်ဆီသို့ တက်သွားသည်။ ထိုစဥ်ဝမ်ပါးမှ ရှောင်းကျန့်အား အားနာသလိုလှမ်းကြည့်ပြီး တောင်းပန်မှု အရိပ်ယောင်ပြနေသဖြင့် ရှောင်းကျန့်ခေါင်းခါ၍သာ လှည့်ထွက်ခဲ့ပြီး ရိပေါ်နောက်သို့လိုက်လာခဲ့သည်။

အခန်းထဲရောက်တော့ ရိပေါ် ရေချိုးရန် ပြင်ဆင်နေသည်ကိုတွေ့သဖြင့် အမြန်သွားပြီး ကူရန်ပြင်လိုက်စဥ်  လက်အားပုတ်ချခံလိုက်ရသည်။

" ခင်ဗျား ကျွန်တော့ကိုထိစရာမလိုဘူး "

ပြောပြီး ရေချိုးခန်းထဲဝင်သွားသည်။

ရိပေါ်ချွတ်ခဲ့သည့်အရာများကို သိမ်းဆည်းနေလိုက်ပြီး အိပ်ရန်အတွက် အိပ်ရာအားပြင်ဆင်နေလိုက်သည်။ ထိုစဥ် ရိပေါ်ဖုန်းမှအသံကြားရသောကြောင့်ကြည့်လိုက်စဥ်

💬Darling  ပြန်ရောက်ပြီလား 💬

မှတ်ထား‌ေသာ Contant nameကြာင့် ကြောင်အအဖြင့်သာ ဖုန်းအားကိုင်ထားမိလိုက်သည်။

<Honey>

ဖုန်းကိုင်ပြီး ဘယ်သူများလဲလို့ ဟိုတွေးဒီတွေးတွေးနေစဥ်မှာပင် ဖုန်းကရုတ်တရက်မြည်လာခဲ့သည်။
သူကိုင်သင့်မကိုင်သင့် စဥ်းစားမိသော်လည်း မသိစိတ်ကပြင်းပြနေသောကြောင့် ကိုင်မိလိုက်စဥ်မှာ ကြားလိုက်ရသောအသံနှင့် ပြောလိုက်သောစကားကြောင့် သူ့ရဲ့နှလုံးသားခေတ္တာမျှရပ်တန့်သွားမိသည်။

" ဟယ်လိုDarling ဘာလုပ်နေလဲ "

* ဘယ်သူများလဲ
ဘယ်သူမို့လို့ အ့လောက်တောင် ရဲတင်းပြီး တဒါလင်တည်းဒါလင်နေရတာလဲ
မှတ်ထားတာကလဲ Honeyဆိုတော့ ရိပေါ်ရဲ့...မဖြစ်နိုင်ပါဘူး *

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now