'Formula of making a pancake with love'
This episode is for only Jin's pov;
Unicode
💗🥞💗
ဝေဖန်ချက်တခုကြောင့် သူအကြိုက်နှစ်သက်ဆုံးစားဖိုမှူးအလုပ်ကို လက်လွှတ်ဖို့ဆုံးဖြတ်ခဲ့ရတဲ့ ကောင်လးတယောက်...
လွန်ခဲ့သာ တနှစ်ကျော်ခန့်က
"ပြိုင်ပွဲ၀င်Jin ဒီpancakeလေးအကြောင်း ရှင်းပြနိုင်မလား"
မိုက်ကိုကိုင်လိုက်တဲ့ ဂျင်ဆိုတဲ့ကောင်လေးရဲ့လက်တွေအတော်ပင် တုန်ရီနေသည်..
သူအခုရောက်နေသည့်နေရာက World Chef competitionပင်...
အရှေ့မှာမေးမြန်နေသူကလည်း သူ့တို့စာဖိုမှူးအားလုံးရဲ့idol JK Chefပင်.."ဟို.."
ဂျင့်ရဲ့စကားတွေဟာ လည်ချောင်းအတွင်းမှာပဲပျောက်ရှာနေပီး ရှေ့မှာထိုင်နေတဲ့ Chef JKဟာ သူ့ရဲ့ခရမ်းေရာင်မျက်၀န်းကိုသာဖုံးကွယ်ထားနဲ့ မျက်နှာဖုံးတခုနဲ့အတူ သူ့ကိုစိုက်ကြည့်နေလေသည်..
"ဒီ pancakeလေးရဲ့နာမည်က sweetheartပါ"
ဂျင်စကားပြောနေစဉ် Chef Jkက ဘေးမှာရှိတဲ့ စားသုံးရန်အသုံးပြုသည့် ဓားနဲ့ခက်ရင်းကိုကိုင်ကာ သူပြင်ဆင်ထားတဲ့ pancakeအပိုင်းသေးလေးအဖြစ် လှီးဖြတ်ရင်း စားသုံးလိုက်သည်..
"မင်းပြောတဲ့ခေါင်းစဉ်နဲ့ မင်းရဲ့pancakeက ကိုက်ညီမှုမရှိဘူးပဲ"
Chef JKရဲ့ဝေဖန်သံအဆုံးမှာ ဂျင့်ရဲ့နဖူးထပ်မှာချွေးစတို့နေရာယူလာလေသည်..
"မင်းအခြေခံ pancakeလုပ်နည်းကိုပြန်သင်ယူသင့်တယ်ထင်တယ်"
ဒီလိုနဲ့ ဂျင့်ရဲ့ကြိုးစားမှုတွေအကုန်သဲထဲရေသွန်ဖြစ်ပီး ပြိုင်ပွဲကနေ ဒိုင်အားလုံးအဆုံးအဖြတ်နဲ့ပယ်ချခံလိုက်ရသည်..
"နောက်တယောက်ဆက်ပြောပါ"
"ဘာဖြစ်လို့လဲ!!?"
YOU ARE READING
Formula of making a pancake with love(Oneshot)
FanfictionJinkook oneshot If you want to read Jk's pov, you can search 'taste of a love pancake' in my profile. hope you all enjoy. author-Wintshweyi