29(U/Z)

394 28 0
                                    

Unicode

   လက်ထဲမှာကိုင်ထားသော တရားရုံးဆင့်ခေါ်စာကိုလုံးခြေပစ်ရင်း ဝမ်ရိုဟန်တစ်ယောက် ဒေါသထွက်နေမိသည်။
အမှုစစ်ချုပ်ဆီဖုန်းခေါ်လိုက်တော့ ဖုန်းမကိုင်ပေ။
ပေးထားကျွေးထားသမျှတော့ အကုန်စားသောက်ပြီး အခုကျမှ ငါ့ကိုရှောင်နေကြတယ်ပေါ့....။

ဒေါသထွက်သည်။သေစေဖို့ရည်စူးထားတဲ့သူက မသေသေးဘဲ သူက လူသတ်ရန်စေခိုင်းမှုနဲ့ ထောင်ထဲဝင်ရမယ်တဲ့လား...။
အဓိပ္ပါယ်မရှိလိုက်တာ...။
ပြောတော့ သူနဲ့ပတ်သတ်သမျှတစ်ခွန်းတောင်မဟပါဘူးဆိုပြီး အခုတော့ ခိုင်းစေသူနာမည်ကိုထုတ်ပြောတယ်ပေါ့.....။

ဝမ်ရိုဟန်ဆိုတဲ့သူက ဒီလိုလွယ်လွယ်နဲ့ မပြိုလဲဘူး...။ပြိုလဲမယ်ဆိုရင်လည်း အကုန်လုံးကိုအပါခေါ်သွားမှာ....။

.................................................................

"အင်း...မင်းတာဝန်ကျေတယ်....ပါးဆီမှာ ငါမင်းအတွက်ပြောပေးမယ်..."

မုန့်ယောင်ဖုန်းပြောပြီးအိမ်ပြင်ထွက်လာတော့.. ကောက ခြံဝန်းထဲက နှစ်ယောက်ထိုင်ခုံလေးပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေသည်။
မုန့်ယောင်လည်း ကောဘေးနားသွားလိုက်ပြီး...

"ကော..ရွှယ်ယမ်ဆီကဖုန်းလာတယ်..ယာဥ်တိုက်မှုရဲ့နောက်ကွယ်က ခိုင်းစေသူအကြောင်းကို ရဲတွေဆီပြောပြခိုင်းလိုက်ပြီတဲ့.."

"အင်း...အားယောင်.. "
"ကော အားယောင်ကိုပြောစရာရှိတယ်.."

"ကောရှေ့နေအလုပ်ပြန်လုပ်ရင်ကောင်းမလားလို့..."

"ကောလုံးဝနေပြန်ကောင်းသွားရင် ကျွန်တော်ခွင့်ပြုပေးမယ်..အခုတော့ ဒီတိုင်းလေးပဲ နားနေပါဦး...နော်..."

"အင်းပါ..အားယောင်သဘောအတိုင်းပေါ့..."

.................................................................

"ရိပေါ်...ဒီနေ့ငါ့မွေးနေ့လေ သိတယ်မလား...မွေးနေ့လက်ဆောင်အဖြစ် မင်းနိုးလာပေးရင် ငါအရမ်းပျော်မိမှာ....နိုးလာပေးမယ်မလား..."

ထုံးစံအတိုင်းဘာတုန့်ပြန်မှုမှမရှိသည့်ရိပေါ်ကို စကားတွေအများကြီးပြောပြီးနောက်မှာတော့ ရှောင်းကျန့်အခန်းထဲက ထွက်လာခဲ့သည်။

 I really need you(Completed)Where stories live. Discover now