YOU NEVER KNOW

304 21 0
                                    

  You Never know

(Jikook One Shot)


"kookie ငါ့ရည်းစားက ယောကျာ်းလေးလေ"

ကြားကြားရချင်း ပျက်ယွင်းသွားသည့် ကျွန်တော့်မျက်နှာကို ကျွန်တော်အမြန်ဆုံးတည်လိုက်ရသည်။ကျွန်တော့်မှာ မြတ်နိုးလွန်းလို့ ဖွင့်မပြောထွက်ခဲ့တဲ့ သူငယ်ချင်းကောင်လေးမှာ ချစ်သူကောင်လေးရှိနေပြီတဲ့။သိပ်ဝမ်းနည်းဖို့
ကောင်းတယ်။

"ဘာအရေးလည်း ဒါလေးပြောဖို့တွန့်ဆုတ်နေတာလား မင် ရာ"

ကျွန်တော်ကတော့ဟန်ဆောင်တဲ့နေရာမှာ အတော်ကျွမ်းတာမို့ သူလေးမျက်နှာမပျက်ဖို့ရာ
ရည်ရွယ်ပြီးရှာကြံပြောလိုက်တယ်။တကယ်တမ်းတော့ ကျွန်တော်အံ့သြသွားခဲ့ရတာပါ။

"ငါမင်းသိအောင် ပြောပြထားတာ။ငါ့ကို မင်း
ဘယ်လိုမှ သဘောမထားဖူး မဟုတ်လား"

စကားပြောနေရင်း စိုးရိမ်ပူပန်ပုံပေါ်နေတဲ့ မျက်နှာလေးကို ဂျွန်ဂျောင်ဂု ဘယ်ချိန်ကြည့်ကြည့် မဝခဲ့ဘူး။အသက်ခုနစ်နှစ်အရွယ်ကတည်းက မျက်ရည်ဝဲဝဲနဲ့ ကျောင်းပြောင်းလာတဲ့မျက်နှာ ဖူးဖူးလေးကို အခုအသက်နှစ်ဆယ်
အရွယ်ထိ မှတ်မိနေတုန်း။ပက်ဂျီမင် ဆိုတာ ကျွန်တော် မတွေ့ရတဲ့နှစ်တွေအထိ ကျွန်တော့်ကို
လွှမ်းမိုးနိုင်တုန်း။

"ဘယ်လိုမှသဘောမထားပါဘူး မင်ရာ။ဒီခေတ်မှာ ဒါတွေစန်းလို့လား။ဒါနဲ့ မင်းကောင်လေးကရော မင်းမွေးနေ့ပွဲကို မလာဘူးလား"

ကျွန်တော်သိပ်မြင်ဖူးချင်တာ။ဘယ်လိုကောင်လေးကများ မင်ရဲ့နှလုံးသားကို ကှိီးစိုးနိုငခြဲ့လဲပေါ့။ပှီးတော့လညြး ဒီနေ့လိုချစ်သူကောင်လေးရဲ့ မွေးနေ့မှာ တူတူရှိနေပေးသင့်တာမဟုတ်လား။ဒါမှမဟုတ် ညခင်းပိုင်းမှ surprise အစီအစဥ်တွေနဲ့များ မင် နှလုံးသားလေးကို ထပ်သိမ်းပိုက်သွားဦးမှာလား။

"သူနဲ့က ညနေခင်းမှတွေ့ဖို့ ချိန်းထားတာ။ငါက ငယ်သူငယ်ချင်းတွေနဲ့ ပျော်ပါရစေလို့ ခွင့်တောင်းထားလို့လေ။မင်းနဲ့ နောက်တစ်ခါကျ
မိတ်ဆတ်ပေးမယ်နော်"

You've reached the end of published parts.

⏰ Last updated: Nov 22, 2021 ⏰

Add this story to your Library to get notified about new parts!

YOU NEVER KNOW (Kookmin One Shot )Where stories live. Discover now