12.8.2019
*အဲ့ဒီနေ့က ကျွန်တော်တစ်ယောက်တည်း စာကြည့်တိုက်မှာကျန်ခဲ့ပြီး Kang Taeနဲ့ Beomgyuတို့နှစ်ယောက်လုံးစောပြန်သွားခဲ့တဲ့နေ့ပေါ့။ သူတို့ပြန်ပြီး နှစ်နာရီလောက်ကြာမှ ကျွန်တော်ထပြန်လာတာ။ အချိန်က 8:00လောက်ရှိပြီ။ လမ်းတဝက်လောက်ရောက်တော့ ကျွန်တော့်နောက်လူလိုက်လာသလိုမျိုးခံစားရလို့လှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး။
အဲ့ဒါနဲ့ ကျွန်တော်လည်းအိမ်ကိုအရင်မပြန်ဘဲ Taehyunအိမ်ကိုဝင်ပြီးမှ သူနဲ့အတူပြန်လာခဲ့ရတယ်။ beomgyuက သူ့အိမ်မှာရှိနေတုန်းဆိုတော့ beomgyuလည်းပါတာပေါ့။Knock knock....
Taehyun- ဒီအချိန်ကြီးမှ ဘယ်ကလူလည်းဟ။
Beomgyu- အေးလေ မင်းသွားဖွင့်လိုက်။
Taehyun- ဟင်။ soobin!!!
Beomgyu- ဘာ....အိမ်မပြန်ဘူးလား။
Soobin- အဲ့ဒါတွေနောက်မှာထား။ အခုအိမ်ထဲပေးဝင်ပါဦး။ မြန်မြန်.....
Taehyun- အေး....လာ လာ။
.
.
Beomgyu- ဘာဖြစ်လာတာလဲ အလန့်တကြားနဲ့။Soobin- လူလိုက်လာသလိုခံစားရလို့...။ အိမ်မပြန်ရဲတော့လို့။
Beomgyu- ဟား...ဟား ဖြစ်ရမယ် မင်းကတော့။
Soobin- ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးပါလား။ မင်းတို့ပါတော့ နည်းနည်းအဆင်ပြေတာပေါ့ကွာ။
Taehyun- ရော့...သောက်ဦး။
ဒီမှာဘဲ အိပ်လိုက်ပါတော့လား။ ရောက်မှတော့။Soobin- မရဘူးကွ။ အန်တီလေးကအိမ်မှာတစ်ယောက်တည်း။ အကိုကလည်းပြန်လာမယ်မထင်ဘူး။
ဂျိမ်း....ဂျိမ်း...⚡
Beomgyu- မိုးရွာတော့မယ်ထင်တယ်။ လာပါ အခုသွားရအောင်။ ငါတို့ပြန်လိုက်ပို့ပေးမယ်။
Taehyun- အင်းပါ။
အဲ့ဒါနဲ့ ပြန်လာကြတယ်။ လမ်းမှာမိုးရွာတာနဲ့ ထီးတစ်ချောင်းကို သုံးယောက်ဆောင်းပြီးပြန်လာရတယ်။ သူနည်းနည်းစို ကိုယ်နည်းနည်းစိုပေါ့ဗျာ။....
ဒါနဲ့ပြန်ရောက်ပြီးတော့ အိမ်ထဲဝင်ပြေးလာခဲ့တော့ အပေါက်ဝမှာ အကို့ဖိနပ်ကိုတွေ့လိုက်ရတယ်။Soobin- အကိုပြန်ရောက်နေတာကိုး။
အန်တီလေးရေ သားပြန်ရောက်ပြီ။ အကိုရေ ပြန်လာပြီ။