No shorts allowed!!

1.3K 133 69
                                    

[Unicode]

"ဘေဘီရေ မပြီးသေးဘူးလားလို့~"

"အာ ခဏ ခဏ လာပြီ
တကယ် ခဏလေးပဲ~"

"ခဏလေး ခဏလေးနဲ့ တစ်နာရီလောက်ရှိပြီနော်~
ဘာတွေ အဲ့လောက် ပြင်နေတာတုန်း~
လှပြီးသားပဲကို~"

"ကိုကိုကလဲ ကိုကို့မျက်လုံးထဲမှာတော့ အမြဲလှနေမှာပေါ့၊
ကိုကိုက ချစ်တာကိုး"

အံမယ် ဒီလိုကျတော့လဲ ဘယ်ဆိုးလို့လဲ သူ့ကလေးလေးက တကယ်ကို ချုပ်တတ်တာ။

စကားလှလှလေးတွေနဲ့ အချိုသပ် လိုက်ပြီဆိုရင် သူ့မှာ မိုးမမြင် လေမမြင်တွေကို ဖြစ်လို့~

"ဟုတ်ပါပြီနော်
ဒါဆို ကိုကို အောက်မှာပဲ စောင့်တော့မယ်"

ဒီနေ့တော့ သူက သူ့ဘေဘီကို ကျောင်းလိုက်ပို့မယ် ဟုဆိုကာ စောင့်နေခြင်း။

အရင်ရက်တွေက သူမအားလို့ ဘေဘီ့အိမ်ကပဲ လိုက်ပို့ပေးနေရတာကြောင့် စိတ်မကောင်းသဖြင့် အလုပ် တွေကို မြန်မြန်ပြီးအောင် သိမ်းကျုံးလုပ်ခဲ့ရတာ။

ဘေဘီ အထက်တန်းတုန်းကဆို သူ့မှာ ဘေဘီ့အိမ် ကိုသွားကြို၊ ကျောင်းပို့၊ ပြီးရင် အိမ်ပြန်ပို့၊ သူလဲ ကျောင်းသွားနဲ့ ဟိုပြေး ဒီပြေး။

အခုတော့ သူလဲ ကျောင်းပြီးကာ ဖေဖေ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်သည်နှင့် သပ်သပ်ခွဲနေဖြစ်သည်။

သူတို့ နှစ်ယောက် အိမ်တွေကလဲ သိနေတာမလို့ ဘေဘီ့ကိုပါ သူ့အိမ်ကို အပါခေါ်ထားသည်လေ။

ဘေဘီ့မိဘတွေကလဲ ဘေဘီ့ကို စိတ်ချနေတာမှ ထယ်ယောင်း လက်ထဲထည့်ပြီးကာမှ ကမ္ဘာပတ်ကာ ခရီးထွက်နေကြသည်တဲ့လေ။

ထယ်ယောင်းကတော့ စိတ်မချ။

ဘယ်သူ့ကိုမှတော့ မဟုတ်။ သူ့ကိုယ်သူပင်။

အခုလဲ ဘေဘီက ကျောင်းသွားမှာကို ပြင်နေလိုက် တာ တစ်နာရီကျော်ကျော်လောက် ကြာနေတာကို အခန်းထဲမှ ထွက်မလာ။ ကျောင်းမှာ သူများတွေ ကြည့်ဖို့အတွက် အရမ်းပြင်နေသော ဘေဘီ့ကိုလဲ နည်းနည်းလေး စိတ်ဆိုးပါသည်။

"လာပါပြီ~"

"ဟောာ အခုမှ ကိုယ်က ပြန်များ အိပ်နေပြီလားလို့ ဟူးး"

 My Boyfriend is the cutest in this world | s h o r t s |Where stories live. Discover now