ညနေခင်း မှောင်ရိပ်သန်းစအချိန် ။ ချန်တိုင်းပြည်၏ နန်းမြို့တော် ။ပုံမှန်ဆိုလျှင် ဤအချိန်မျိုးသည် အင်မတန်ကိုလူသူစည်ကားသည့်အချိန်ဖြစ်သည်။ ယခုမူကား လမ်းဘေးဝဲယာဈေးဆိုင်တန်းများ အားလုံးဖျက်သိမ်းထားပြီး လူသွားလူလာမဆိုထားနှင့် ခွေးတစ်ကောင်ကြောင်တစ်မြီးတောင် အစရှာမရချေ။
ခမ်းနားကြီးကျယ်သည့်မြို့တော်ကြီးက တိတ်ဆိတ်ငြိမ်သက်လျက်။ မင်္ဂလာရှိသည့်မီးပုံးနီများ ချိတ်ဆွဲရမည့်အစား အမင်္ဂလာသဘောဆောင်သည့် မီးပုံးအဖြူများကို အိမ်ပေါက်စေ့ချိတ်ဆွဲထားသည်။
လမ်းမတစ်လျှောက်တွင်လည်း သေဆုံးပြီးဝိညာဉ်ကိုပူဇော်သည့် စက္ကူများနှင့်ပြည့်နှက်လျှက် ။
အသင်သာ လူနေအိမ်များအတွင်းသို့ နားစွင့်ကြည့်မည်ဆိုလျှင် မတိုးမကျယ်သော ငိုရှိုက်သံကိုကြားရချေမည်။ တူညီဝတ်စုံဖြူတို့ကို ဝတ်ဆင်ထားသောပြည်သူတို့ကို မြင်ရပေမည်။
ဤကား နိုင်ငံတော်ဈာပနပေတည်း။
________________________________
"အရှင်မင်းကြီး ကြွချီလာပါပြီ !!!!"
ညီလာခံခန်းမအတွင်းသို့ ရာဇအိန္ဒြေအပြည့်၊ တည်ငြိမ်ရင့်ကျက်သောအသွင်အပြင်နှင့် လှမ်းဝင်လာသည်က တိုင်းပြည်၏ အသစ်စက်စက်ပြည့်ရှင်မင်း ပိုင်လီဟုန်ရီဖြစ်လေသည်။
အသစ်စက်စက်ရှင်ဘုရင်တစ်ပါးကား နဂါးဝတ်ရုံတော်ကိုဆင်မြန်းထားခြင်းမရှိ၊ အဖြူရောင်နဖူးစည်းကိုစည်းနှောင်လျက် အဖြူလွလွ အသုဘဝတ်စုံကိုသာ ဆင်မြန်းထားလေသည်။
ညီလာခံခန်းမအတွင်းရှိ မှူးမတ်များအားလုံးသည်လည်း အသုဘဝတ်စုံကိုသာဆင်မြန်းထား၍ နှလုံးသားနုသူတစ်ချို့က ခေါင်းငုံ့၍ မျက်ရည်ခိုးသုတ်နေလေသည်။
အရယ်အပြုံးကင်းမဲ့သောမျက်နှာထားနှင့် ရာဇပုလ္လင်ပေါ်တည်တည်တင်းတင်းထိုင်နေသော ပိုင်လီရှင်ဘုရင်ကား ကြည်ညိုဖွယ်အတိ။ နှုတ်ထွက်စကားတစ်ခွန်းစီတိုင်းက မာန်အပြည့်နှင့် တိကျစွာထွက်လာသည်ချည်းပင်။
YOU ARE READING
梦想 (Dreams) [One Shot]
Fanfictionကြီးမြတ်လှတဲ့အရှင် ပိုင်လီဟုန်ရီ နှင့် ရှစ်ယင် ။ စစ်မြေပြင်တိုင်းကို အောင်နိုင်တဲ့အရှင်၊ ရန်သူတိုင်းကဦးညွှတ်ရတဲ့အရှင် ပိုင်လီက နှလုံးသားရေးရာတိုက်ပွဲမှာရော အောင်နိုင်ဦးမည်လား။ ကြီးမြတ်လှတဲ့အရှင် ပိုင်လီဟုန်ရီ နှင့် တော်ဝင်ကြင်ယာတော် ရှစ်ယင် ။ စစ်ြေ...