အခန်း (၄) ကိုယ်ပိုင်ဆရာဝန်

210 37 20
                                    

[Unicode]

"တွေ့ရတာဝမ်းသာပါတယ် ယွင်ရိရှန်း"

အနှီမျက်နှာကျကို ယွင်ရှီးမှာ တအံ့တသြငေးကြည့်နေမိဆဲပင်။ သူနှင့် တွေ့ဆုံခဲ့ရသည့် ပဟေဠိဆန်သောဧည့်သည်တော်က ကြီးကျယ်မြင့်မြတ်လှသည့် ချန်မိသားစု၏ အရှင်သခင်တဲ့လားလေ။

တရုတ်ပြည်ပြန်ရောက်သည်မှာ မကြာသေးသော်ငြား BX Group နှင့် ချန်မိသားစုတို့၏ အရှိန်အဝါအကြောင်းကို ယွင်ရှီး ကောင်းစွာ နားလည်ထားပါ၏။ လမ်းဘေးက ကလေးကိုသွားမေးလျှင်တောင် ချန်မိသားစုအကြောင်း မသိသူ ရှိမည်မထင်ပါ။ လျောင်နင်စီရင်စု၏ ရှစ်ဆယ်ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းတို့က ချန်နှင့်ပိုင်မိသားစုတို့၏ ခြေလက်နှင့်မလွတ်ကင်းကြပေ။

"ယွင်ရှီး.."

ချောင်ကျီက ခပ်တိုးတိုးခေါ်ရင်း သတိပေးလာတော့မှ ယွင်ရှီးအသိစိတ်က လက်ရှိအခြေအနေကိုပြန်ရောက်လာသည်။ တစ်ဖက်လူ၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်မိချိန် သူ၏ညာဘက်လက်သူကြွယ်ပေါ်မှ စိန်လက်စွပ်က လက်ခနဲတောက်ပသွားမှုကို အမြင်အာရုံထဲ၌ အမှတ်တမဲ့ မှတ်သားမိလိုက်၏။

"ဥက္ကဋ္ဌချန်.. "

တိုတောင်းလှသည့် အသိအမှတ်ပြုစကားဖြစ်သော်လည်း ယွင်ရှီးကိုကြည့်နေသည့် သူ့မျက်ဝန်းတို့ လက်ခနဲတောက်ပသွားရင်း နှုတ်ခမ်းလွှာတို့ ပြုံးယောင်သမ်းသည်။ ထို့နောက် ယွင်ရှီးလက်ကို ခပ်ဖွဖွဖျစ်ညစ်လာ၏။ သူ မျက်မှောင်ကျုံ့မိသွားရတော့သည်။

"ထိုင်ကြရအောင်လေ"

သူတို့နှစ်ဦး အကြည့်ချင်းဆုံနေစဥ် ချောင်ကျီက သတိပေးလာ၏။ အဲ့ဒီတော့မှ တစ်ဖက်လူက ယွင်ရှီးလက်ကို လွှတ်လိုက်ပြီး ဆိုဖာမှာဝင်ထိုင်သည်။

"ဥက္ကဋ္ဌချန်က ပြီးခဲ့တဲ့အပတ်က ခွဲစိတ်မှုနဲ့ပက်သက်ပြီး မင်းနဲ့တွေ့ချင်တယ်လို့ ပြောလာလို့လေ။တိုက်ခန်းလှေကားက ပြုတ်ကျတဲ့ကလေးကို မှတ်မိလား။ အဲဒီကလေးက မွေးစားခံထားရပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံခဲ့ရတယ်ပြောတယ်။ အခု သူ့ရဲ့အုပ်ထိန်းခွင့်ကို BX ဖောင်ဒေးရှင်းက လွှဲယူလိုက်ပြီ"

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now