[Unicode]
LA ကိုရောက်တာ တစ်ပတ်ကျော်လာတဲ့အချိန်မှာတော့ လုပ်ငန်းအတော်များများက အစီအစဥ်တကျ ဖြစ်လာပြီဖြစ်သည်။ ချန်ဖေးယွီကလည်း ခါတိုင်းလို မိုးလင်းမိုးချုပ် အလုပ်ထဲမှာ ခေါင်းစိုက်မနေတော့ဘဲ အိပ်ချိန်စားချိန် မှန်မှန်ပြန်ဖြစ်လာ၏။ ယွင်ရှီးကသာ သူ့ဗီလာထဲမှာပဲ အချိန်ကုန်ရင်ကုန် ဒါမှမဟုတ်ရင် C1 ကနေ C6 အထိ လျှောက်ပတ်ကြည့်နေမိတာပင်။
LA မှာရှိတဲ့ Mansion က ချန်မိသားစုရဲ့ တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ ဟိုယခင်ကတည်းက ချန်ဖေးယွီ၏ ဖခင်ဖြစ်သူက တည်ထောင်ခဲ့တာဖြစ်ကြောင်းသိရသည်။ C1 ကနေ C3 အထိ Mansion မှာနေတဲ့ ကလေးတွေအတွက်ဖြစ်ပြီး ကျန်တဲ့ အဆောက်အုံတွေကတော့ အားကစားခန်းမနှင့် စားဖိုဆောင်၊ လေ့ကျင့်ရေးကွင်းနှင့် ဆေးကုသဆောင်တို့အပြင် လက်နက်ပစ္စည်းတို့ ထားရှိရာ နေရာတို့ဖြစ်ကြ၏။
တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ရှိတဲ့ ဒီနိုင်ငံမှာ ချန်မိသားစုလို အရှိန်အဝါကြီးမားတဲ့ အဖွဲ့အစည်းက လက်နက်မျိုးစုံကို အလွယ်တကူ သုံးစွဲနိုင်တာကလည်း မဆန်းပါချေ။ ခန့်မှန်းမိရသလောက်ဆိုရင် ချန်မိသားစုရဲ့ လုပ်ငန်းတွေထဲမှာ ဒေသတွင်းနိုင်ငံတွေအပြင် အနောက်နိုင်ငံတွေနဲ့လည်း လက်နက်အရောင်အဝယ်ကဏ္ဍတွေ ချိတ်ဆက်တာမျိူးလည်း ပါဝင်လိမ့်မည်။ အဲဒါကြောင့်လည်း လျောင်နင်စီရင်စုလို နယ်စပ်ဒေသကို စိုးမိုးထားနိုင်ပြီးတော့ အစိုးရအာဏာပိုင်တွေကတောင် ချန်မိသားစုရဲ့ အရှိန်အဝါကိုမှီခိုနေရတာမျိုး ဖြစ်နိုင်သည်။
ထိတ်လန့်ဖွယ် လူမဆန်သည့် အဖြစ်အပျက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရ၍လားမသိ။ ချန်ဖေးယွီကိုယ်တိုင် ပြောပြလာသည့် အကြောင်းအရာအချို့နှင့် ယခင်က ကြားသိခဲ့ရသည့် သတင်းအချက်အလက်တို့ကို ဆက်စပ်ခန့်မှန်းကြည့်လိုက်သည့်အခါ တချို့သော အခြင်းအရာတွေကို သဘောပေါက်လိုက်ပေမယ့်လည်း စိတ်ထဲတွင် အထူးတလည် မခံစားမိတော့။
ဒီလူရဲ့လုပ်နိုင်စွမ်းက ဒီအတိုင်းအတာအထိ ရှိနေပါလားဆိုတဲ့ အတွေးကလွဲလို့ သိပ်ထူးဆန်းမနေတော့ပေ။ ပြီးတော့ ဒီနေရာက အမေရိကန်နိုင်ငံရဲ့ ကယ်လီဖိုးနီးယားပြည်နယ်လည်း ဖြစ်နေသေးသည်။

ESTÁS LEYENDO
Yī Shēng Yī Mèng [一生一梦]
FanficThere is a concealed heart inside that person like the hidden mansion in the pine forest. Dear you, Let me heal your wounds and scars in your heart. Forevermore, I'll be the only one dream of your life. . . . This work is a feiyunxi fanfiction. Na...