Part [ 15 ]

1.7K 185 91
                                    

မှတ်ချက်- ဤအပိုဒ်ကိုဖတ်နေစဥ်စာရေးသူအား တုတ်ဖြင့်လိုက်ရိုက်ချင်သောစိတ်များကိုဖယ်ရှားပေးထားပါရန်မေတ္တာရပ်ခံပါသည်။

_____________________________

ရင်ခွင်ထဲကအိပ်မောကျနေသောကောင်လေးသည် အသက်အရွယ်နဲ့မလိုက် ဖြစ်တည်ခဲ့သည့်လောကဓံနှင့်မလိုက်စွာပင်။ တစ်ကြိမ်တိုးဖက်တိုင်း လှုပ်လီလှုပ်လဲ့လုပ်ရုံမှတစ်ပါး မျက်လုံးတို့ကပွင့်မလာ။ ထိန်းသိမ်းမရသောစိတ်အစုံဖြင့်ပါးအိအိတွေထဲတစိုက်မတ်မတ်ဖိကပ်နမ်းရှိုက်သည်။ အထက်နဖူးလည်းမလွတ် အဆင်းလှသောနှာတံလေးလည်းမကျန်ရစေ လှိုက်ဖိုရဆုံးနှုတ်ခမ်းလုံးလေးကတော့သူ့ရဲ့နောက်ဆုံးဘူတာတည်း ထိုထက်ကြံ့ခိုင်သည့်လည်တိုင်မှဆက်ရန်တော့မဖြစ်သေး။

Jungkookအားကုန်တိုးဖက်လိုက်သည်။ ထိုအခါမှနိုးလာသူသည် သူ့အားမပွင့်တပွင့်မျက်လုံးများဖြင့်ကြည့်၍ပြုံးပြ၏။

"နိုးပြီလား"

"အင်း"

"ကျွန်တော်အိပ်ရေးမဝသေးဘူး ဒီတိုင်းလေးအိပ်ချင်သေးတယ်"

Seokjinခေါင်းကိုသူ့လည်တိုင်တွင်ထား၍ ပုခုံးကိုကျော်ကာဆံပင်များကိုဖွကစားသည်။ အသက်ရှူသံငွေ့ငွေ့နွေးနွေးလေးက သူ့လည်တစ်လျှောက်ကူးလူးနေကြ၍ လက်တွေကသူ့ခါးကိုပြန်လည်ဖက်တွယ်လာသည်။ ထို့နောက်အသံသေးသေးလေးဖြင့်ပြောပါသေးသည်။

"Jungkookieကိုချစ်တယ်
kookieကိုbreakfast coffeeနဲ့တို့စားပစ်မယ်"

ထိုစကားတွေကိုသူ့ဘာသာပြောပြီးသူ့ဘာသာရီနေပြန်ပါသည်။ jungkook seokjinနှင့်မျက်နှာချင်းဆိုင်လိုက်ကာ ခေါင်းချင်းဆိုင်၍ နှာတံပေါ်သို့ခပ်ဖွဖွနမ်း၏။ ထို့နောက် အကြည့်များသည်နှုတ်ခမ်းအစုံဆီသို့ရွေ့လျားသွား၍ တစ်ခုခုကိုလိုချင်နေပုံ။

"အဲ့လောက်ချစ်ဖို့ကောင်းမနေနဲ့ kim seokjin ကျွန်တော်စိတ်မထိန်းနိုင်ရင် hyungတာဝန်ယူရမှာနော်"

"အင်း ဘယ်လိုလုပ်ရမလဲ ငါကမွေးကတည်းကချစ်ဖို့ကောင်းတာ မင်းကိုတော့တာဝန်မယူနိုင်ပါဘူး"

မျက်လုံးတွေမှိတ်မတတ်ရယ်ပြန်ပါ၏။ jungkookမျက်လုံးတွေမှေးစင်းပြလျက် လက်များကခါးသွယ်သွယ်သို့ဆိုက်ရောက်သည်။ ထို့နောက်...

Steady Principle { Completed }Where stories live. Discover now