Unicode;
ဆိုးလ်မြို့နဲ့မတူ....ကားလမ်းမဘေးတစ်ဖက်တစ်ချက်တွင် အစိမ်းရောင်လယ်ကွင်းကြီးများကတမျှော်တခေါ်။
ကတ္တရာလမ်းမထက်အနက်ရောင်ကားတစ်စီးကတရိပ်ရိပ်ပြေးနေ၏။
ရန်ဖြစ်၊ချက်ချင်းကြီးဆွဲချုပ်နမ်း....
ဒါမျိုးတွေကိုသာ တစိုက်မက်မက်ကျူးလွန်တတ်တာကိုစိတ်ကုန်လာသောကြောင့် စကားမပြောပဲနေသည်မှာရက်အတော်ကြာပြီဖြစ်သည်။ဒီနေ့ ဂေဟာကိုသွားဖို့ဟန်ပြင်နေစဉ်မှ
အခန်းထဲဝင်လာကာ"သွားစရာရှိတာမို့ အဆင်သင့်ပြင်တော့" တဲ့။
ဘယ်အရာမဆို သူ့စိတ်သဘောကျ ဒါဆိုဒါ ဖြစ်ရမှကျေနပ်ကာ မဟုတ်လျှင် စကားများရန်ဖြစ်ရသော နိယာမတွေကိုလဲ စိတ်ပျက်မိသည်မို့ သူပြောတဲ့အတိုင်းအသင့်ပြင်ဆင်ပြီးလိုက်ခဲ့တော့ ကားကမြို့ပြင်ကိုဦးတည်နေသည်။
ကားကိုသာဂရုစိုက်မောင်းနေကာ
မြို့ပြင်အဝေးပြေးလမ်းမပေါ်ရောက်တော့ မျက်လုံးတို့ကိုသာမှိတ်ထားလိုက်သည်။
ဘယ်သွားမှာလဲဟုမမေးချင်တော့ပေ။သတိထားမိသည်မှာ ကားပြိုင်ပွဲကိုအတင်းအကျပ်ခေါ်သွားပြီး Jimin ဖျားပြီးတဲ့နေ့မှစကာ Jimin ပါသည့်ခရီးလမ်းများတွင် ပြိုင်ကားများကိုမစီးတော့ပေ။
ကားကိုလဲပုံမှန်အရှိန်နှုန်းနှင့်မောင်းကာ
တချက်တချက်တွင် စိတ်မရှည်သလို စုတ်သတ်သံများလဲကြားရသေးသည်။Blue D cover ပြန်ဆိုထားသော Beyonce ၏ Halo သီချင်းသံသည် ကားထဲ ပျံ့လွင့်နေကာ
တချို့စာသားနေရာများတွင် Jeon ကလိုက်ညည်းနေလေသည်။လေဟုန်ကိုခွင်း၍ တရိပ်ရိပ်ပြေးနေသော ကားထဲ
သီချင်းသံနှင့် တခါတရံလိုက်ညည်းနေများမှအပတိတ်ဆိတ်နေတာမို့ ခဏအကြာမှာ Jimin အိပ်ငိုက်လာသည်။~~ Standing in the light of your halo
I got my angel now~~It's like I've been awakened
Every rule I had you breaking
~~It's the risk that I'm takin'
I ain't never goona shut you out

YOU ARE READING
I hate you, I love you [Complete]
Fanfictionစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤