Part (36)

127 22 6
                                    

Unicode

ကြက်ဥလေးတို့ရေ တစ်ညနဲ့တစ်ရက်လုံးလုံး ရင်ထဲမှာအရမ်းတင်းကြပ်ပြီးခံစားရလွန်းလို့ Fic လေးကို Update မပေးနိုင်တော့ဘူးလို့တွေးထားတာ အခုတော့ အမှန်တရားဖက်ကရပ်တည်ပေးတဲ့လူသားပီသသူတွေရယ် စည်းလုံးညီညွတ်ပြီးအချင်းချင်းအားပေးတတ်တဲ့ ဂျယ်လီငါးလေးတွေ တောင်ပေါ်ကြက်ဥလေးတွေရယ် ရှန်ဟိုင်းရောက်ပြီး နှုတ်ခမ်းပေါက်လာတဲ့ ခွေးပေါက်လေးရယ် မြင်ပြီး စိတ်သက်သာရာ ရပါတယ် အခြေအနေက ဘာတွေပဲဖြစ်လာပါစေ ဒီချစ်စရာ မိသားစုလေးနဲ့ဆုံဆည်းခွင့်ရတာကဘုရားပေးတဲ့ဆုပါပဲ ဖြူစင်တဲ့ တို့အစ်ကိုလေးအတွက် တရားမျှတမှုဆိုတာရှိနေမယ်လို့ မျှော်လင့်ရင်း Update ပေးလိုက်ပါတယ်

အပိုင်း(၃၆)

ကုန်းကျွင့် သည် ယနေ့ ရိုက်ကွင်းတွင် အလွန်လန်းဆန်းတက်ကြွနေကာ အခြားသူများ၏ အမြင်တွင်ပင် အလွန်ပျော်ရွှင်နေပုံပေါ်သည်။

ရိုက်ကွင်းအဖွဲ့သားများက

" ကုန်းလောင်ရှီး ဒီနေ့အရမ်းတွေပျော်ရွှင်နေသလိုပဲ ဘာသတင်းကောင်းတွေရှိနေလို့လဲ "

ဟု စ နောက်လိုက်သည်။

"ဟီး ဟီး~အရမ်းပျော်နေတာတော့ ဟုတ်တယ် ဘာလို့လဲဆိုတာ‌တော့~ ကျွန်တော်မပြောပြဘူး!"

ကုန်းကျွင့် က ဇာတ်ညွှန်းကိုကိုင်ထားရင်းရွှင်မြူးစွာပြောလိုက်သည်။

ကျန်းကျယ်ဟန့် သည် ဂေါက်တစ်ပွဲရိုက်ပြီးအနားယူနေချိန်မှာ Weibo ကို တစ်ချက်ဖွင့်ကြည့်လိုက်သည်။ သူ မျှော်လင့်ထားသလိုပဲ ကျန်းကျယ်ဟန့် ပျောက်ဆုံးသွားတဲ့အကြောင်း Super Talk မှာ ထပ်ပြောနေကြပြန်သည်။ ကျန်းကျယ်ဟန့် ကပြုံးလိုက်ပြီး

"ငါ့တို့ဖန်‌တွေရဲ့ ထောက်လှမ်းရေး စွမ်းရည်အရမ်းကိုကောင်းတာပဲ "ဟုတွေးလိုက်မိသည်။

နေ့လယ်စာစားချိန်ရောက်တော့ ကုန်းကျွင့်ကကားထဲမှာခဏပုန်းပြီး Video Call ခေါ်လိုက်သည်

"ဟန်~ ထမင်းစားပြီးပြီလား?"

"ဟွန့် .."

ကျန်းကျယ်ဟန့် က သူ့မျက်နှာကို ရှုံ့လိုက်ပြီး

Uncontrollable Love (Completed)Место, где живут истории. Откройте их для себя