part 1// 🍀 [unicode]

2.2K 54 9
                                    

Unicode

နေသာသောနေ့တစ်နေ့ရဲ့ကောင်းကင်ပြာကြီးနဲ့ ပန်းပေါင်းစုံတွေဖူးပွင့်နေတဲ့ဥယျာဉ်ကြားမှာရယ်မောပြီးပြေးလွှားဆော့ကစားနေကြတဲ့ကောင်လေးနှစ်ယောက်။အသက်အရွယ်အရ ငါးနှစ်-ခုနှစ်'နှစ်အရွယ်သာရှိကြမယ့်ကောင်လေးနှစ်ယောက်။ငါးနှစ်အရွယ်ကောင်လေးကရှေ့ကပြေးပြီး ခုနှစ်'နှစ်အရွယ်ကောင်လေးကနောက်ကနေလိုက်ဖမ်းကာ ပြေးတမ်းလိုက်တမ်းက‌စားနေကြသည်။

"ကိုကို မောင့်ကိုလိုက်ဖမ်းလေ"

"ညီညီ ကိုကိုမောနေပြီ ခဏလေးနားကြမယ်လေ ပြီးမှဆက်ဆော့ကြမယ်လေနော်"

"ရဘူး!"

ငါးနှစ်အရွယ်ကောင်လေးကအလိုမကျဟန်မျက်မှောင်သေးသေးလေးကိုကျုံပြီးလက်သေးသေးတုတ်တုတ်ကလေးကိုပိုက်ကာ ခုနှစ်'နှစ်အရွယ်ကောင်လေးကိုဆူပုတ်ပုတ်လေးကြည့်လို့ရယ်။ထို့နောက်ထို့ငါးနှစ်အရွယ်ကလေး'လေးနှုတ်ဖျားမှထွက်ဆိုလာသောစကားမှာ...

"နိုး! ညီညီ ၊ ရက်စ့် မောင်"

"‌ဟုတ်ပြီ....ဟုတ်ပြီ ၊ မောင် ကိုကိုတို့ခဏနားကြမယ်လေနော်"

"အွန်း"

သဘောကျဟန် ခပ်ပြုံးပြုံးလေးဆိုသည်။

ခုနှစ်'နှစ်အရွယ်ကောင်လေးက ငါးနှစ်အရွယ်ကောင်လေးရဲ့ခေါင်းလုံးလုံးလေးကိုခပ်ဖွဖွပွတ်ကာ...

"အဆိုးလေး"

ငါးနှစ်ကောင်လေးကသွားဖြူဖြူသေးသေးလေးတွေနဲ့ သွားကျိူးလေးတွေပေါ်အောင် ခုနှစ်နှစ်အရွယ်ကောင်လေးကိုပြုံးပြနေသည်။

ခုနှစ်'နှစ်အရွယ်ကောင်လေးကလည်း ပါးလေးမို့မို့လေးထက်စံပယ်တင်မှဲ့လေးထင်းနေအောင်ပေါ်တဲ့အထိပြန်လည်ပြုံးပြသည်။

"လာ...ကိုကိုတို့ ဟိုသရက်ပင်အောက်သွားထိုင်ကြမယ်"

သရက်ပင်အောက်ရောက်ကောင်လေးနှစ်ယောက်အမောဖြေရင်း ခုနှစ်'နှစ်အရွယ်ကောင်လေးအင်္ကျီအိပ်ကပ်ထဲကတစ်ခုခုကိုနှိုက်နေဟန် ထို့နောက်ခုနှစ်'နှစ်အရွယ်ကောင်လေးက ငါးနှစ်အရွယ်ကောင်လေးရှေ့လက်သီးဆုပ်ကလေးထိုးပေးသည်။

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now