အခန်း ၂၀

8.3K 563 6
                                    

Unicode

"အမ ဒီနှင်းဆီပန်းက ခွဲရောင်းလား"

"တစ်ပွင့်ချင်းခွဲမရောင်းဘူး ညီမလေး အစည်းလိုက်ပဲရမယ်"

"ဟုတ်လား"

နုငယ်သည် ဆရာမအတွက် အပြန်လက်ဆောင်အဖြစ် နှင်းဆီပန်းနီနီအား ပေးရန်အလို့ငှာ  အဝေးပြေးကားမထွက်ခင် အမီ လာဝယ်နေခြင်းဖြစ်သည်။ ဖြစ်ချင်တော့ ဝမ်းသာအားရနှင့် အမြန်ပြေးခဲ့မိသဖြင့် ပိုက်ဆံအိတ်က အဆောင်မှာ မေ့ကျန်ခဲ့၏။

ကားလက်မှတ်ဖိုးက ကြိုတင်ရှင်းပြီးသား ဖြစ်၍သာ တော်သေးသည်။ မဟုတ်လျှင် အပြန်လမ်းစရိတ်အတွက် ဘယ်လိုမှ မလောက်ငှနိုင်တော့။

ဟိုဟိုသည်သည် ကြိုးစားရှာဖွေကြည့်တော့ အဝတ်အိတ်ထဲမှ ပိုက်ဆံ သုံးထောင်ထွက်လာသည်။ သို့သော် ခရီးကဝေးသဖြင့် လမ်းမှာ လိုရမယ်ရ သုံးဖို့ ချန်ရဦးမည်။ သို့ဖြစ်၍ ပန်းဆိုင်၌ နုငယ်တစ်ယောက် ပိုက်ဆံမလောက်သဖြင့် အကြပ်ရိုက်နေရပြီ။

မတတ်နိုင်တော့။
တစ်စည်းလုံးကို ဝယ်ရတော့မည်သာ။ ပြီးလျှင် တစ်လမ်းလုံး အစားမစားဘဲ အငတ်ခံရုံသာ တတ်နိုင်တော့မည်။

ထိုစဉ် _
"ဒီကအမ ... တစ်စည်းလုံးဝယ်ပြီး နှစ်ယောက်ခွဲယူရအောင်လားရှင့် "

ဘေးက အသံကြောင့် နုငယ် လှည့်ကြည့်လိုက်တော့ ပုပုသေးသေး ကောင်းမလေးတစ်ယောက်။ အသားဖြူဖြူ မျက်လုံးဝိုင်းလေးများနှင့် သူမက နုငယ်ကို ပြုံးပြီး ကြည့်နေသည်။

"ညီမလေးက .. ဘယ်နှစ်ပွင့်လိုတာလဲ"

"နှစ်ပွင့်တည်းပါ"

"ဒါဆို ညီမလေးနှစ်ပွင့်ယူလိုက် ကျန်တာအမယူမယ်"

"ပိုက်ဆံကို တစ်ဝက်ဆီပေးတာပေါ့ စိတ်မရှိပါနဲ့ ညီမလေးလည်း ဘိုင်ပြတ်နေလို့ အမကို အလကားမပေးနိုင်ဘူးရယ် "

"ရတာပေါ့ ဒါဆို အနီရောင်ယူလိုက်မယ်နော်"

"ဟုတ်... အနီရောင်မှလည်းဖြစ်မှာ "

သို့နှင့် နှင်းဆီတစ်စည်းကို နှစ်ယောက်ပေါင်းဝယ်လိုက်ကြပြီး ခွဲယူလိုက်ကြသည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ကိစ္စ မဟုတ်ပေလော။ ကျေးဇူးတင်စရာ ပါပင်။

နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)Where stories live. Discover now