part 2 // 💦[unicode]

321 25 4
                                    

Unicode

နေခင်းနေရောင်ကြည်နဲ့အပြိုင်ကြည်ပြာရောင်ကောင်းကင်အောက်တွင်ရှိသည့် ဥယျာဉ်ထဲရှိရောင်စုံခြယ်ပန်းကလေးများလေညွှန်ရာယိမ်းနွှဲ့လို့နေသည်။ထို့အပြင်လေနှင်ရာအတိုင်း ပျံလွှင့်လာတဲ့ပန်းတို့၏ရနံလေးများကလည်း မွှေးပျံသင်းပျံလို့နေသေး၏။ထိုပန်းဥယျာဉ်လေးထဲတွင် ဖြူဖြူဖွေးဖွေးကောင်လေးတစ်ယောက် သစ်ပင်ပန်းပင်များအားဂရုတစိုက်ပြုစုယုယပေးနေသည်။

ထို့အပြင်ကောင်လေးဆောင်းထားတဲ့ဦးထုပ်ဝိုင်းဝိုင်းကြီးကမျက်နှာတစ်ဝက်အထိဖုံးထားတာမို့(ဦးထုပ်အဝိုင်းကိုmaskလိုပုံစံမျိူးနဲ့ ရောချူပ်ထားတဲ့ဦးထုပ်မျိူး)ပေါ်လွှင်နေတဲ့မျက်ဝန်းကြည်တောက်တောက်ကလေးတွေက ပန်းပင်ကလေးများကိုအမြတ်တနိုးကြည့်နေသေးသည်။ထို့အဖြူရောင်လူသားလေးက ပန်းလေးတွေကိုဘယ်လောက်ချစ်မြတ်နိုးကြောင်းသိသာနိုင်ပေသည်။ထို့အချိန်...

"ပျိူး ထမင်းလာပို့တာ ၊ စားလို့ရပြီနော်"

ပျိုး ဟုတ်တယ် ထို့အဖြူဖြူသေးသေးကောင်လေးနာမည်က 'ဥယျာဉ်ပျိုး' ။ နာမည်လေးအတိုင်း ပန်းပင်လေးတွေကိုပျိူးထောင်ရတာသဘောကျတယ် "မေတ္တာပန်းခြံ"ဆိုတဲ့ ဒီပန်းခြံလေးကိုတွယ်တာတယ်။ပန်းပင်လေးတွေကိုတယုတယပြုစုပျိူးထောင်နေရချိန်ဆို ထိုကောင်လေးရဲ့မျက်နှာလေးကပြုံးပျော်နေတက်တယ်။

"အေးအေး လာပြီ"

ဆိုကာ တစ်ထပ်အိမ်ကလေးထဲသို့လှမ်းလာခဲ့လိုက်သည်။အနားယူလို့ရအောင် ခဏတဖြုတ်အိပ်လို့ရအောင်ဆောက်ထားပေမဲ့အိမ်လေးကလုံလုံခြုံခြုံနဲ့နေချင်စရာလေး။ တခါတလေအိပ်မပြန်တဲ့နေ့တွေဆိုဒီအိမ်လေးမှာအိပ်တတ်သည်။‌ထို့နောက်မျက်နှာတစ်ဝက်ဖုံးနေသော ဦးထုတ်အဝိုင်းကြီးကိုချွတ်လိုက်ချိန် ပေါ်‌လာသော မျက်နှာဝိုင်းဝိုင်းလေးထက်ဝယ် ချွေးစတို့ကပ်ငြိနေသည်။မျက်ဝန်း‌တောက်တောက်ကလေးတွေနဲ့အပြိုင် နှာခေါင်းလုံးလုံးလေး၊ဘယ်ဘက်ပါးမို့မို့ပေါ်ကစံပယ်တင်မှဲ့နက်ကလေးနဲ့ ဆေးရောင်မကူပဲပန်းရောင်ပြေးနေတဲ့နှုတ်ခမ်းသားပါးပါးလေး
ကိုပါအထင်းသားမြင်တွေ့ရပါသည်။

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now