part 3// 💘[unicode]

285 22 2
                                    

Unicode

ညနေစောင်းပန်းခြံထဲကပြန်လာပြီး အိမ်ရောက်တော့ စက်ဘီးလေးဒေါက်ထောက်ကာ အိမ်ထဲဝင်ယုံရှိသေး မေမေရှိမှ....

"ဥဥလေး ပြန်လာပြီလား"

"ဟာ...မေမေရာအဲ့လိုကြီးမခေါ်ပါနဲ့ဆို "

"အေးပါ အေးပါ ၊ ရေချိူးတော့လေသား ၊ မေမေထမင်းဟင်းပြန်နွှေးလိုက်ဦးမယ်"

ပျိူးကအဲ့လို့'ဥဥလေး'လို့ခေါ်မှန်းမကြိုက်လို့တမင်ခေါ်ကာစနေသေးသည်။ပျိူးကမကြိုက်ကြောင်းပြန်ပြောတော့ ပြုံးပြုံးကြီးနေလို့။ပျိူးတို့ကသားအမိနှစ်ယောက်တည်းနေသည်။ပျိူးဖေဖေကတော့ပျိူးတစ်နှစ်အရွယ်လောက်မှာဆုံးသွားခဲ့တယ် ဖေဖေဆုံးပြီးတဲ့နောက်ပိုင်းပျိုးမေမေကသာ အမေနေရာကကောအဖေနေရာကပါပျက်ကွက်ချင်းမရှိပြုစုစောင့်ရှောက်ပေးခဲ့သည်။ဖခင်မေတ္တာကိုငယ်ငယ်ကတည်းကမရရှိခဲ့ပေမဲ့ မေမေကအဖေလိုတစ်မျိူးအမေလိုတစ်မျိူးနဲ့အစွမ်းကုန်ချစ်ပေးသည်။အ‌ဖေမရှိလို့ဆိုပြီးမျက်နှာမငယ်ရအောင်ထားပေးသည်။မေမေကဈေးထဲမှာပန်းဆိုင်လေးဖွင့်ထားတယ်လေ။ကိုယ့်ခြံထဲကပန်းကိုယ်ပြန်ယူရောင်းရတာ အဆင်ပြေတာပေါ့။

ရေချိူးပြီးသနပ်ခါးတွေ‌ကိုဝင်းနေအောင်လိမ်းထားတဲ့တက်အကျင့်ရှိတာမို့ မေမေအခန်းထဲသနပ်ခါးဝင်လိမ်းလိုက်သည်။အားပါပါသွေးထား၍ထွက်လာသောဝါဝါဝင်းဝင်းသနပ်ခါးအနစ်များကို လက်ချောင်းသွယ်သွယ်လေးဖြင့်သဲ့ယူ၍ မျက်နှာအနှံထူထူလိမ်းလိုက်သည်။ပြီးလျှင်ပိုနေသောသနပ်ခါးအနစ်များကို‌လည်ပင်း‌ေတွလက်တွေပါမကျန်အကုန်လူးလိုက်သည်။*ဟူး ခုမှတစ်ကိုယ်လုံးကိုအေးသွားတာပဲ*။ပျိူးမေမေအခန်းထဲကသနပ်ခါးလိမ်းပြီးထွက်လာတော့မေမေမီးဖိုခန်းထဲမှာဟင်းနွှေးလို့နေသည်။ပျိူးတို့အိမ်ကတစ်ထပ်အိမ်ကလေးမို့ မီးဖို့ခန်းလေးကနောက်ဖေးနေရာလေးမှာရှိသည်။

"ဟော သားရေချိူးပြီးပြီလား? ၊ ကြည့်ပါဦးမေမေ့သားလေးကသနပ်ခါးတွေကိုဖွေးနေတာပဲ"

"ဟီးး "

"ရော့! ဒီချိုင့်လေးကို ဟိုဘက်အိမ်သွားပို့ပေးပါလား သား"

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now