part 4// 👀[unicode]

231 18 2
                                    

Unicode

မနက်ခင်းနေရောင်ခြည်လေးကပြတင်းပေါက်မှတဆင့် ပျိူးမျက်နှာပေါ်ကျရောက်လို့လာသည်။ပြတင်းပေါက်မေမေဝင်ဖွင့်ပေးသွားတာထင်တယ်။မိုးလင်းမှန်းသိအောင် မနက်တိုင်းပျိူးအခန်းထဲဝင်ပြီး ပြတင်းပေါက်ဖွင့်ဖွင့်ပေးတတ်တာပျိူးမေမေရဲ့အကျင့်ပင်။အပျင်းကြောဆန့်ကာ အိမ်ရာထရင်း ဘာရယ်မဟုတ်မျက်နှာချင်းဆိုင် အပေါ်ထပ်ကအခန်းကိုလှည့်ကြည့်မိလိုက်သည်။ဘာမှလည်းမတွေ့ရဘူး *ဪ ငါ့နှယ် ဘာတွေ့ချင်သေးလို့လဲ?*။အတွေးစဖျက်ကာမျက်နှာသစ်၊သွားတိုက်၊ရေးချိူပြင်ဆင်ပြီး မနက်စာစားရန်အခန်းအပြင်ထွက်လာခဲ့လိုက်သည်။

"ဟော သားနိုးပြီးလား"

ဒန်အိုးထဲမှအရည်တစ်ချိူ့ကိုဇွန်းနဲ့ယူကာ‌မြည်းနေတာကြောင့်....

"ဟုတ် ၊ ဘာတွေလဲ"

"မုန့်ဟင်းခါးတွေလေ "

မုန့်ဟင်းခါးကြိုက်လွန်းတဲ့ပျိူးမေမေ့အနားထိတိုးကာ မုန့်ဟင်းခါးအိုးထဲကြည့်မိတော့ပုစွန်ခြောက်နန်းချင်းတွေ(ပုစွန်ခြောက်အများကြီးတွေကိုပြောတာပါ)၊ကြက်သွန်ဥလေးတွေနဲ့အတူအငွေ့တထောင်းထောင်းထနေသောမုန့်ဟင်းခါးအရည်ကိုမြင်တွေ့ရသည်။အနံလေးကလည်းမွှေးနေတာပဲ။ထို့အပြင်စားပွဲခုံပေါ်မှာလည်းငရုတ်သီးကြော်လေးရယ်၊နံနံပင်လေးနဲ့ဂေါ်ဖီလေးကိုပါးပါးလေးတွေလှီးပြီးပန်းကန်လေးထဲမှာသေချာထည့်ထားသေးသည်။ စားလိုက်ရင်တော့ရှယ်ပဲ!!!

"အဟိ အပီဆွဲပြီပဲ"

"အပီကနောက်မှဆွဲ ၊ ဒီချိူင့်ကိုဟိုဘက်အိမ်သွားပို့ချေဦး ၊ ဟိုဘက်အိမ်မှာဧည့်သည်ရောက်နေတာ မေမေ့ကိုဘာလို့မပြောတာလဲ သားသား"

"ဟွန့် သားမပြောလည်းမေမေသိမှာပဲဟာကို"

"ဟုတ်ပါပြီရှင် ၊ ရော့ ဒီချိုင့်လေးအရင်သွားပို့ပေးပါဦး"

"သနပ်ခါးတောင်မလိမ်းရသေးဘူး"

"ပြန်လာမှလိမ်း ၊ ပြန်လာမှစား ၊ ခုအရင်သွားပို့ချေ"

~~~~~~~~

ပျိူးဝင်သွားတော့ ဖွားဖွားတို့ကမနက်စာတောင်စားနေကြပြီ။

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now