Unicode

766 42 2
                                    

လူသွား၊ လူလာပြတ်တဲ့ လမ်းကြားတစ်ခုမှာ ခပ်သွက်သွက်လျှောက်နေတဲ့ လော်ယွင်ရှီး ။ သူ့ရဲ့ အနောက်ကို တစ်စုံတစ်ယောက်ကတော့ဖြင့် မူမမှန်တဲ့ ခြေလှမ်းတွေနဲ့ တရစပ် လိုက်လာသလို ခံစားနေရတယ်။ ဒီနေ့ သူ သတင်းတစ်ခုကို ညတွင်းချင်းလိုက်နေရလို့ အိမ်ပြန်ချိန်နောက်ကျသွားတာ။ အရင် ပြန်နေကျအချိန်တွေဆို သူနေတဲ့နေရာမှာ လူမပြတ်ပေမဲ့ ဒီနေ့တော့ နောက်ရက်ကူးနေပြီမို့ အိမ်အပြန်လမ်းဟာ မှောင်နေခဲ့ပြီး ကျောချမ်းဖွယ် ကောင်းနေတယ်။

လမ်းကွေ့တစ်ခုနားရောက်တော့ သူဟာ နံရံကို ကွယ်လိုက်ရင်း အနောက်က လူကို ပြန်ချောင်းကြည့်လိုက်တယ်။ အဲ့ဒီလူက hooded အနက်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူ့ရဲ့ခေါင်းခြုံကိုလည်း နှာဖျားလောက်အထိ ဆွဲချထားတယ်။ နောက်ပြီး သူက အကွက်အပျောက်တွေပါတဲ့ အစိမ်းပုပ်ရောင် ဘောင်းဘီပွအရှည်ကို ဝတ်ဆင်ထားရင်း သူ့လက်နှစ်ဖက်ကိုလည်း ဘေးတစ်ဖက်တစ်ချက်ဆီက ဘောင်းဘီအိတ်ကပ်ထဲကို ထည့်ထားလျက် ခြေလှမ်းမှန်မှန်နဲ့ပဲ သူရှိရာဆီ တိုးကပ်လာတယ်။ လော်ယွင်ရှီးဟာ သူ့ဘေးအိတ််ထဲမှာ ပါလာတဲ့ ကင်မရာကို သေသေချာချာ ဆုပ်ကိုင်လိုက်တယ်။ ထိမိခိုက်မိဖြစ်သွားခဲ့ရင် ဒီပစ္စည်းက ပျက်စီးသွားလို့ မရဘူး။ သူ့အတွက် အများကြီး အဖိုးတန်တယ်။

ထိုအချိန် အန္တာရယ်ရှိနိုင်တဲ့ အဲ့ဒီလူက သူ့ရှေ့မှာပဲ ခြေစုံရပ်လာတယ်။ သူ့ ခန္ဓာကိုယ်က လော်ယွင်ရှီးထက် အများကြီး ပိုကြီးပြီး လော်ယွင်ရှီးက သူ့ပခုံးလောက်သာ ရှိတယ်။ လမ်းကြားထဲမှာ ရှိနေတဲ့ အဝါရောင် မီးသီးတစ်ပွင့်နှစ်ပွင့်ကြောင့် ခေါင်းခြုံနဲ့ ဖုံးအုပ်ခြင်းမခံရတဲ့ မျက်နှာတစ်ဝက်ကို မထင်မရှားမြင်တွေ့လိုက်ရတယ်။ ပါးလွှာတဲ့ နှုတ်ခမ်းတွေရဲ့ အရောင်ဟာ လူငယ်တစ်ယောက်လို့ မှန်းဆ၍ ရပေမဲ့ နှုတ်ခမ်းမွှေးတွေနဲ့ မုတ်ဆိတ်မွှေးအနည်းငယ်ကလည်း ခပ်ရေးရေးမျှ ရှိနေပြန်တယ်။

" မင်း... မင်း ဘယ်သူလဲ။ "

သူ့စကားကို အဖက်မတန်သလို ပြုနေတယ်။

" ဘာကိစ္စ ငါ့နောက်ကို လိုက်လာတာလဲ။"

ပြန်မဖြေလာပေမဲ့ တွန့်ကွေးသွားတဲ့ နှုတ်ခမ်းတစ်စုံ ။

3 𝒏𝒊𝒈𝒉𝒕𝒔 𝒐𝒇 𝑰𝒓𝒊𝒔 𝒇𝒐𝒓 3 𝒚𝒆𝒂𝒓𝒔 Where stories live. Discover now