ဘာလိုလိုနဲ့ ရှောင်ကျန့် ရိပေါ်နှင့်လက်ထပ်ထားသည်မှာ ၁လပင်ပြည့်လေပြီ။ နှစ်ယောက်သားဆက်ဆံရေးမှာလည်း အေးတိအေးစက်ဖြင့် ပြောင်းလဲသွားခြင်းမရှိပေ။ ပြောင်းလဲသွားတာဆိုလို့ ရှောင်ကျန့်အရင်တိုက်ခန်းမှာ မနေတော့ဘဲ ရိပေါ်ဆောက်ထားသည့် အိမ်လေးမှာဘဲ နှစ်ယောက်သားနေဖြစ်ခဲ့သည်။
အေးစက်နေသော အိမ်ထောင်ရေးကြီးမှာ ရှောင်ကျန့်အမှန်ပင် နေသားမကျသေး။ တစ်ခန်းထဲအတူနေပေမယ့် အခုချိန်ထိဆိုဖာပေါ်မှာသာ အိပ်သောရိပေါ်ကြောင့် ရှောင်ကျန့် စိတ်ပင်ပန်းရသည်။
မနက်မိုးလင်းလို့ မနက်စာစားပြီးတာနဲ့ နှစ်ယောက်သားလမ်းခွဲသွားကြတာ။ သူလည်း
သူ့အလုပ် ကိုယ်လည်း ကိုယ့်အလုပ်ဖြင့်သာ...။
ညနေရုံးဆင်း အိမ်ရောက်မှသာ နှစ်ယောက်သား ဆုံမိသည်။ အရင်လို ရုံးလိုက်ပို့ပြီး ဖုန်းအမြဲဆက်ကာ စိတ်ပူပေးတတ်တဲ့ ကောင်းလေးကိုတော့ လွမ်းမိသား။အခုကိုယ်ရထားသော သူမှာ ဘာခံစားချက်မှမရှိတဲ့ ကျောက်ရုပ်ကြီးလို...။ ရှောင်ကျန့်အမှန်ပင်မနေတတ်...။ တောင်းပန်စကားပြောဖို့ဆိုရအောင်လည်း တစ်ရက်ကို စကား၁၀ခွန်းပြည့်အောင် မပြောသော သူတို့အဖို့ ဘယ်ကဘယ်လို အစချီရမှန်းမသိ။
တော်ပါသေးတယ်...လက်ထပ်ပြီး ၁လကြာတာတောင် ပိုင်ဟုန်းရန်ဆိုတဲ့ လူကြီးဘက်က ဘာသတင်းမှမရတာမို့ ရှောင်ကျန့် စိတ်ဖြေသာနေသည်။ နောက်ပြီး ရိပေါ်Fanတော်တော်များကလည်း သူတို့ကိုလက်ခံပေးကြတာကြောင့်ရှောင်ကျန့် ပိုပျော်မိသည်။
ရိပေါ်ရဲ့ရှောင်ကျန့်အပေါ် အေးစက်နေသော ဆက်ဆံမှုကြောင့် ဖြစ်သွားတဲ့ကိစ္စတွေမှာ ကိုယ်ဘက်ကမှားပေမယ့် အပြည့်အစုံမှားခဲ့တာမျိုးမဟုတ်တော့ ကိုယ်ကိုယ်ကိုလည်းသနားလာတယ်။
အိမ်ပြန်ရောက်ရင်တောင် မပြေလည်သေးသည့်အခြေအနေတွေကြောင့် ရုံးအလုပ်များကို အိမ်အထိသည်ပြီး အလုပ်ရှုပ်နေရတာမို့ ညအိမ်ရာဝင်ချိန်များမှာ ညဥ့်နက်လာသည်။
လူပင်ပန်းတာထက် စိတ်ကပိုပင်ပန်းတာမို့ အခုဆို လူကအားမရှိသည့် ပုံတောင်ပေါက်နေလေပြီ။ အရင်လိုထမင်းချော့ကျွေးတက်တဲ့ကောင်လေးက မရှိတော့တာကြောင့် ထမင်းစားချိန်လည်းမမှန်တော့ပေ။ ဒီရက်ပိုင်းအတွင်း အလုပ်ဖိလုပ်နေသောကြောင့်လား မသိ...လူက နုံးချိကာ ခဏခဏ မိုက်ခနဲ့ မူးနေတတ်သေးသည်။
YOU ARE READING
Infinity...(Complete)
Fanfictionသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)