“ လှေကားကနေတက်သွားရင် ညာဘက်ကိုကွေ့ပြီး တွေ့ရတဲ့ အခန်းက ကိုယ့်အိပ်ခန်းပဲ ၊ မသိရင် အလုပ်သမားတွေကိုမေးလို့ရတယ် သူ့အင်္ကျီစွန်းသွားလို့ ကိုယ့်အခန်းထဲမှာ အ၀တ်လဲနေတယ်”
“ ဘာ !”
ရှောင်းက မျက်ခုံးတွေတွန့်ချိုးလို့ ရှေ့ကိုခြေတစ်လှမ်းပါတိုးလာသည်။
“ တမျိုးမထင်ပါနဲ့ မစ္စတာရှောင်း !ဝိုင်တွေစွန်းသွားလို့ အင်္ကျီငှားပေးလိုက်တာပါ လွတ်လွတ်လပ်လပ်လဲလို့ရအောင် တစ်ယောက်ထဲထားပေးလိုက်တာ”
ထိုအခါမှ ရှောင်းက နောက်ပြန်ဆုတ်သွားသည်။ ယန်ချီမင်ကိုမကျေမနပ်နှင့် ကြည့်ပြီး တောက်တစ်ချက်ခေါက်သည်။
“တောက် !”
ပြီးတာနဲ့ Taddy ရှေ့ကနေ ဘယ်တုန်းကမှ မသိခဲ့သလို ၀င်တိုက်မတတ်ဖြတ်လျှောက်သွားလျှင်
“ ရှောင်း !”
သူ့ကားအနီရဲရဲလေးဆီလှည့်ပြန်သွားသူက တစ်ချက်မကြည့်။
ကားထဲကနေ အ၀တ်လိုလိုအရာတစ်ခုကို ထုတ်လိုက်တာမြင်ရသည်။
ပြီးတာနဲ့ တစ်ချက်မျှပင် လှည့်မကြည့်ပဲ ခြေလှမ်းကျဲကြီးတွေနဲ့အိမ်ထဲလိုက်၀င်သွားတာဖြစ်သည်။“ ရှောင်း ! လို့ ”
မြင်မားတဲ့ အရပ်နဲ့ ကျယ်ပြန့်သော ကျောပြင်ကိုနောက်ဆုံးမြင်လိုက်ရသည်။Leather Jacket နဲ့ style pant ကိုတွဲ၀တ်ထားသည့်ရှောင်းက ခုမှ ခရီးကပြန်ရောက်လာသည့်ဟန်။
အိမ်တောင်မရောက်သေးပုံရတာမို့ ကားထဲအ၀တ်တွေပါ ပါလာတာဖြစ်သည်။ ရှောင်းက ခရီးကပြန်ရောက်ရောက်ချင်း ၀မ်ရိပေါ်ကိုလာရှာတာတဲ့လား?
“ အဟွန်း !”
ဘေးက လှောင်ရယ်သံသဲ့သဲ့ထွက်လာ၏။
ဥက္ကယန်က သူ့မျက်မှန်ကို ချွတ်ကာ ရင်ဘတ်မှာချိတ်လိုက်ရင်း တက်ဒီ့ကိုလှောင်သလိုမျိုးကြည့်လာတာဖြစ်သည်။“ သူက ပြန်ရောက်ရောက်ချင်း ၀မ်ရိပေါ်ကိုလာရှာတာတဲ့လား? အဲ့ကောင်က သူ့အတွက်အဲ့လောက်အထိ အရေးပါနေတာလား ?”
“ အဟက် !ဘာလို့အဲ့လိုတွေးရတာလည်း?ဒီလိုရော တွေးကြည့်ပါလား ?ပိုဖြစ်နိုင်မလားလို့ ! ပြန်ရောက်ရောက်ချင်း လာရှာတာမဟုတ်ပဲ လာရှာဖို့အတွက် ပြန်လာတာဆိုရင်ရော ”
YOU ARE READING
One Step To You___{Completed}
Fiksi PenggemarZhanyi /Married life 🖤 Start 18/10/2021