နွေဦးကံ့ကော်

2K 110 22
                                    

မောင် ´´ ဆိုတဲ့ နာမ်စားလေးကို မောင့်မျက်နှာလေးကိုကြည့်ပြီး မြတ်မြတ်နိုးနိုးလေး ခေါ်ရတာကို ကျွန်တော် သဘောကျတယ်...

မောင် နဲ့ ကျွန်တော် စတွေ့ခဲ့တာ လေးက ဝတ္ထု မဆန်ခဲ့ပေမဲ့ တွေ့ဆုံမှုလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ လှပခဲ့ပါတယ်....

'' မောင်´´ ကကျောင်းမှာ ခက်ဆိုးဆိုးကောင်လေးဗျ  ''မောင့်´´ နာမည်ဆိုတာ မကြားချင်မှ အဆုံး လူတိုင်းပါးစပ်ဖျားမှာ ရေဗန်းစားနေတဲ့ကောင်လေးတစ်ယောက်ပေါ့

''  ဟေ့ ခနလေး ဟိုကောင်လေး ခနလို့ ´´

ကျွန်တော်အဲ့နေ့က သူငယ်ချင်းမလေး ကျောင်းမလာလို့ တစ်ယောက်ထဲ ကန်တင်း ထိုင်ပြီး အတန်းတက်ဖို့သွားတော့ နောက်ကတစ်ယောက်ယောက်ပြေးလိုက်လာပြီး ခေါ်သံကြားလို့ လှည့်ကြည့်မိလိုက်တယ်..

'' ဗျာ ကျွန်တော့်ကို ခေါ်တာလား ´´

''အင်း ဒါမင်းစာအုပ် မဟုတ်လား ´´

သူထောင်ပြတဲ့ စာအုပ်လေးကို ကျွန်တော်ကြည့်မိတော့ ကျွန်တော် စောစော ကန်တင်းမှာ ထိုင်ဖတ် နေတဲ့
''ဖေမြင့်(နှလုံးသားအဟာရ )´´ ဆိုတဲ့ စာအုပ်လေး

'' ဗျာ ဟုတ်ကဲ့ဗျ ´´

''စောစောက ကန်တင်းမှာ မင်းဖတ်နေတာတွေ့လို့ ´´

''ဟုတ်ကဲ့ဗျ အတန်းတက်ရတော့မှာ မို့ မြန်မြန်ထွက်ခဲ့တာနဲ့ ကျန်ခဲ့တာ နေမှာပါ ကျေးဇူးပါဗျ ´´

'' ရပါတယ်ဗျာ ဒါနဲ့ နာမည်က ´´

''ဗျာ ´´

''နာမည်ကိုမေးတာ ´´

'' အော် ကျွန်တော့်နာမည် လပြည့်ဝန်း ပါဗျ ´´
''ကိုယ်နာမည် နေဝန်းနီ မှတ်ထားနော်  ´´

''ဟုတ်ကဲ့ဗျ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံးဗျ အတန်းတက်ရမှာ မို့ပါ´´

''ဟုတ်ပါပြီဗျာ ´´

ကျွန်တော်နှုတ်ဆက်ပြီး စာအုပ်လေးပိုက်ကာ သူ့ကိုကျောခိုင်းပြီး အတန်းဆီ ဦးတည်လိုက်သည်။

'' ဟေ့ မင်းနဲ့ကိုယ်နဲ့က ဖူးစာများလား ကိုယ်နာမည် နေဝန်းနီ ၊ မင်းနာမည် လပြည့်ဝန်း  ဆိုတော့ နေ နဲ့ လ ၊ ရွှေ နဲ့ မြ ပေါ့ ဟီး လိုက်ဖက်တယ်နော် နောက် ကိုယ်တို့ ခနခန တွေ့ရတော့မယ် ထင်တယ် ´´

You've reached the end of published parts.

⏰ Last updated: Jan 24, 2022 ⏰

Add this story to your Library to get notified about new parts!

နွေဦးကံ့ကော်Where stories live. Discover now