Unicode
ဘာလိုလိုနဲ့နောက်ဆုံးစာမေးပွဲကိုရောက်လာခဲ့လေပြီ ဒီကြားထဲ taehyung Jimin နဲ့သိပ်မတွေ့ဖြစ်ပေ...မတွေ့ဖြစ်ဆို သူကိုယ်တိုင်ကစာနဲ့ပဲနပန်းလုံးနေရသလို Jimin က ကျောင်းတက်မှ အတန်းထဲရောက်သလို ကျောင်းဆင်းရင်လည်း ဘယ်ရောက်လို့ဘယ်ပေါက်သွားမှန်းပင်မသိရပေ...ဒါကထူးဆန်းနေပေမဲ့ taehyung အများကြီးမတွေးတောနိုင် တက္ကသိုလ်အမှတ်ကောင်းကောင်းရဖို့ သူကိုယ်တိုင်ကြိုးစားရမည်မို့ သူ့မှာစာမေးပွဲမဖြေခင်ထိအောင့်အီးနေရသည်မှာအမှန်....
"မင်းရုပ်က ဘယ်လိုဖြစ်လို့ ချီးမှန်ထားတဲ့ရုပ်ဖြစ်နေရတာလဲ"
Shake ဘူးကိုပိုက်နဲ့စုတ်သောက်ရင်း သူ့ကိုမေးလာတဲ့ jungguk ကြောင့်သူမျက်နှာကိုမဲ့ပစ်လိုက်တယ်.... jungguk က Jimin ပျောက်နေတာကို ဘာလို့ မထူးမဆန်းပဲနေနိုင်ရတာလဲ...
"ငါဖိအားနည်းနည်းများနေလို့ ငါသွားပြီ"
အားမရှိစွာ ခြံထဲဝင်သွားတဲ့ taehyung နောက်ကျောကို jungguk အဓိပ္ပါယ်ဖော်မရတဲ့မျက်ဝန်းတွေနဲ့ရပ်ကြည့်မိတယ်....
.
.
.
.
.
.
.
.
.
.
.
.
."နောက်ဆုံးတော့ စာမေးပွဲကြီးကပြီးသွားခဲ့ပြီ!!"
အတန်းထဲဆူညံစွာ ကျောင်းသားကျောင်းသူအားလုံးက အခုမှ လွှတ်လပ်သွားကြတဲ့လူသားလေးတွေလိုဖြစ်သွားကြသည်...စာမေးပွဲပြီးတာနဲ့ခုံတွေပြန်စီကာ ကိုယ်နေရာကိုယ်ပြန်ထိုင်ကြတယ်... taehyung Jimin ခုံတန်းကိုအကြည့်ပို့လိုက်တော့ Jimin ကရှိနေဆဲပဲမို့ သူစာရွက်လိပ်လေးလုပ်ကာပစ်ပေါက်လိုက်လျှင် Jimin ကသူ့အားအာရုံပေးလာသည်... Taehyung စာရွက်လေးကိုလက်ညိုးထိုးပြီးဖက်ခိုင်းတဲ့အမူအရာပြုလုပ်လိုက်တယ်...
"ငါတို့ ကျောင်းခရီးစဉ်ကို အတူသွားကြမယ် မဟုတ်လား"
စာရွက်လေးထဲ ရေးထားတဲ့စာသားကြောင့် Jimin ကတစ်ခုခုကိုတွေဝေသွားတယ်...တစိုက်မတ်မတ်နဲ့စာပြန်ရေးပေးနေတဲ့ Jimin ကြောင့် taehyung ရင်ခုန်လာရတယ်...ဘာကြောင့်လဲလို့မေးရင် သူလည်းမသိဘူး...အဲ့တာကအရေးကြီးတဲ့အရာလိုမျိုး Jimin ရေးနေတာကြောင့်လည်းပါတယ်...
VOCÊ ESTÁ LENDO
Be Friend And More...(Complete )
FanficUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...