Unicode
နှစ်ပတ်ခန့်ကြာသော် -
ပျိူးနဲ့လှိုင်းဆက်ဆံရေးကအရင်ကလောက်မဆိုးတော့။ လှိုင်းကတော့ ငယ်ငယ်ကအကျင့်အတိုင်းပဲ သူကြိုက်တာသူလုပ်တယ် တခါတလေတဇွတ်ထိုးဆန်တယ်။ပျိူးကငယ်ငယ်တုန်းက သူ့အကျင့်တွေသည်းခံပေးပေမဲ့ ခုတော့သံသာနဲ့ပေါင်းလို့လားမသိဘူး ရန်လာစရင်သည်းမခံချင်စိတ်နဲ့ရန်တွေ့တက်လာတယ် အဟိ။ရန်လာစရင်သည်းခံချင်စိတ်ရှိပေမဲ့ လှိုင်းနဲ့ဆိုရင်တော့အလျော့ပေးရ'စမြဲပါပဲ။ဒါတွေသူသိရင်ကောင်းမယ် ကိုယ့်အလျော့ပေးလို့သူအနိုင်ယူနေရတာကိုပေါ့။ခုလည်းပျိူးအိမ်ထိလိုက်လာပြီး ပျိူးကိုကော်ဖီဖျော်ခိုင်းလို့ဖျော်ပေးနေရတယ်။ဧည့်ခန်းထဲမှာထိုင်စောင့်ဆိုမစောင့်ဘူး ပျိူးအခန်းထဲကစောင့်မယ်ဆိုပြီး ပျိူးအခန်းထဲဝင်သွားလေရဲ့! ။
မေမေက မနက်ဆိုပန်းဆိုင်ထိုင်တာမို့ အိမ်မှာဘယ်သူမှမရှိဘူးလေ။မေမေရှိရင်တော့ လှိုင်းကို'သား သား'နဲ့ပါးစပ်ဖျားကကိုမချဘူး။ကိုယ့်ကပြင်လူဖြစ်သွားကော။လှိုင်းက ဘာလေးစားချင်တယ် တီတီဆိုရင် လုပ်ကျွေးပြီးသားပဲ။ကိုယ့်ကိုဆို ဟိုနေ့ကျလုပ်ကျွေးမယ် ဒီနေ့မှလုပ်ကျွေးမယ်နဲ့ ဟွန့်! မေမေရဲ့ဘက်လိုက်မူကြီးကအရမ်းသိသာတာပဲ။
အမလေး! တော်ကြာ ကော်ဖီဖျော်တာကြာလို့ဆိုပြီးလှမ်းအော်နေဒုက္ခ! အမြန်ယူသွားမှ။
~~~~~~~~
လှိုင်းဒီလူအခန်းထဲကိုရောက်ဖူးတာနှစ်ခါရှိပါပြီ။ ပထမတစ်ခါကပျိူးနေမကောင်းတုန်းက လှိုင်းကိုစက်ဘီးနဲ့အသွားအပြန်တင်စီးလိုက်တာနောက်ရက်ဖျားပါလေရောလေ အဲ့တုန်းကဆေးမသောက်ချင်လို့ဂျီကျနေတဲ့လူကိုဆေးဝင်တိုက်ရချင်း။ဆေးဝင်တိုက်ပြီးအဖွားခေါ်လို့တန်းပြန်သွားရတာမို့ ပျိူးအခန်းထဲလှည့်ပတ်မကြည့်မိ ခုမှသေချာကြည့်မိတယ် သေသေသပ်သပ်ကလေးနဲ့နေချင်စရာလေးပါ ဒါပေမဲ့ကလေးဆန်တယ်။
ဒီလူအခန်းထဲဝင်ချိန်ဆို ဘာကိုသဘောကျလို့ကျမှန်းမသိဘူး အရမ်းသဘောကျတယ်။ဒီလူရဲ့ ကိုယ်သင်းနံ့လေးကိုရှူရှိုက်မိတာနဲ့ လှိုင်းနှလုံးသားလေးကနွေးထွေးသွားသလိုခံစားရတယ်။ဒီလူသားနဲ့ပတ်သက်သာမှန်သမျှကို လှိုင်းသဘောကျမိနေပြီထင်ပါရဲ့။ဘာလို့လဲ? အကြောင်းပြချက်လိုသေးလို့လား!!.။
YOU ARE READING
မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ်
Lãng mạnအဏ္ဏဝါလှိုင်း_ဥယျာဉ်ပျိူး ⌠ ᴜɴɪᴄᴏᴅᴇ - ᴢᴀᴡɢʏɪ ⌡ sᴛᴀʀᴛ ᴅᴀᴛᴇ >>> ⌠ 24 .11.2021 ⌡