Unicode
ပထမဆုံးရေးခဲ့တဲ့ficလေးပြီးသွားခဲ့ပါပြီ...။
ဒီficလေးက completed မဖြစ်နိုင်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုထင်ခဲ့မိတဲ့ ficတစ်ပုဒ်ပါ...။
တစ်နှစ်ကျော်ကြာမှ ပြီးသွားခဲ့တဲ့ficဆိုတော့
စိတ်ထဲမှာ တော်တော်လေးပေါ့ပါးသွားတယ်..။ဒီficလေးစရေးတုန်းက ဖတ်ဖူးတဲ့ficတစ်ချို့လိုမျိုး မတော်တဆလက်ထပ်လိုက်ရပြီးမှ ချစ်သွားတဲ့ပုံစံလေးရေးမယ်လို့စိတ်ကူးခဲ့တာ..။
ဒါပေမဲ့ ရှုပ်ထွေးတဲ့ဇာတ်လမ်းတွေကိုပဲကြိုက်တတ်တဲ့ Snowအကျင့်ကြောင့် ဇာတ်လမ်းက ဟိုမရောက်ဒီမရောက်နဲ့
ဖတ်ရတာနည်းနည်းပျင်းဖို့ကောင်းသွားတယ်။စိတ်ကူးယဥ်ဖူးတဲ့အလုပ်တစ်ခုကို ကိုယ်သဘောကျတဲ့idolတွေနဲ့ပုံဖော်ချင်တဲ့စိတ်ကူးသက်သက်နဲ့ ဒီficလေးကို စရေးခဲ့တာ..။
အတွေ့အကြုံလည်းမရှိ...စာဖတ်အားလည်း
မကောင်းတဲ့Snowအတွက် တစ်ကယ့်ကို
ခက်ခက်ခဲခဲရေးခဲ့ရတာက အမှတ်တရပဲ..။
ပြီးတော့ ဇာတ်လမ်းကိုလည်း plotချထားတာမျိုးမရှိဘဲ နောက်ဆုံးမှာ HEဖြစ်အောင်ရေးမယ်ဆိုတဲ့အတွေးပဲထားခဲ့တာ...။
တစ်ပိုင်းရေးခါနီးမှ အတွေးပေါ်တာကိုရေးတာဆိုတော့ အချိတ်အဆက်က သိပ်တော့မမိဘူးရယ်...။အပိုင်း၂၉လောက်မှဇာတ်သိမ်းပိုင်းကို Snowကိုယ်တိုင် စဥ်းစားပြီးဆုံးဖြတ်ဖြစ်ခဲ့တာဆိုတော့ အဲ့ဒီကျမှ ဇာတ်သိမ်းကို Snowလည်းသိတာ..ဒီအတိုင်းဇာတ်လမ်းကိုပြန်ဖတ်ရင်း
ဇာတ်လမ်းထဲကသွားရာအတိုင်းရေးမယ်လို့
ဆုံးဖြတ်ပြီးရေးခဲ့တော့ ကိုယ်တိုင်လည်း ဇာတ်သိမ်းပိုင်းကိုသိချင်နေခဲ့တာ😁အစက ရိပေါ်နဲ့ရှောင်းကျန့်ကိုပဲ အသားပေးရေးဖို့စိတ်ကူးခဲ့တာ...ဒါပေမဲ့ tuကြည့်တုန်းက
Snow ငိုခဲ့ရတဲ့အခန်းက စုန့်ကျိရန်ကိုယ့်ကိုယ်ကိုသတ်သေတဲ့အခန်းလေးဖြစ်နေတော့...
အဲ့ဒီအတွဲလေးလည်း ထည့်ချင်လို့...
ပြီးတော့ မုန့်ယောင်တို့အတွဲလေးလည်း သဘောကျလို့... အဲ့ဒါနဲ့ အတွဲက သုံးတွဲဖြစ်သွားတယ်...။အင်တာဗျူးတစ်ခုမှာ ရှောင်းကျန့်ဆီမှာညီမသာရှိရင် ဘယ်သူနဲ့ပေးစားမလဲဆိုတော့..
ကျန်းချန်နဲ့ပေးစားမယ်လို့ပြောဖူးတာကြောင့် ကျန်းချန်ကို ရှောင်းကျန့်ရဲ့ယောက်ဖနေရာကို ထားလိုက်တာ...မျမ်မျမ်ကိုတော့ Snowသဘောကျလို့ဇာတ်ကောင်နာမည်ရွေးခဲ့တာပါ။
BẠN ĐANG ĐỌC
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...