Part 30

519 41 9
                                    

ကျန်းမျိုးနွယ် alpha တစ်ယောက်နဲ့ လန်ဝမ်ကျီ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းကိုကြားတော့ ဝမ်ချောင် ဒေါသထွက်နေတော့တယ် ။
" သူတို့နှစ်ယောက်ကို မတွေ့တွေ့အောင်မြေလှန်ရှာခဲ့ "

ကူးစူးလန်ဂိုဏ်းမှာတော့ အားလုံးဟာရုတ်ရုတ်သဲသဲကျန်ခဲ့တယ် ။
ကျန်းချန်လဲ စိတ်ရှုပ်လာတာနဲ့ သူ့အခန်းကိုသာသူပြန်လာခဲ့ပြီး ကြာပန်းစံအိမ်ဆီ လျှိုဝှက်စာ လှမ်းပို့ရသေးတယ် ။
အားလုံးသတိထားဖို့လိုနေကြပြီလေ ၊ ဝမ်ချောင်ဆိုတဲ့ကောင်က လူဆန်တာမဟုတ်ဘူး ။
သူလို ကောင်ကိုကြောက်တာတော့မဟုတ်ပေမယ့် တိုက်ကြခိုက်ကြရင် အနည်းနဲ့အများအထိခိုက်ကရှိမှာပဲလေ ။

ကနြျူခနြျလဲစာပို့ပွီးနောကျ ခဏအနားယူနေတုန်း လန်ရှီးချန်ရောက်လာတော့တယ် ။
ကျန်းချန်လဲ ထိုင်နေရာက ထကာ လန်ရှီးချန်ကိုဂါရဝပြုလိုက် တေ့တယ် ။
" လန်ရှီးချန် တွေ့ရတာဝမ်းသာပါတယ် ၊ဘာကိစ္စရှိလို့ပါလဲ "
" ငါကမင်းအဆင်ပြေရဲ့လား လာကြည့်တာပါ ၊ ခုန လူတွေရှုပ်နေတုန်း မင်းထွက်သွားတာတွေ့လို့ "
" ကျွန်တော်စိတ်ရှုပ်လာလို့ ထွက်သွားတာပါ လန်သခင်လေး ၊ လူရှုပ်တဲ့နေရာတွေမကြိုက်လို့ "

On the other side,
ဝေ့ရင်းနဲ့လန်ကျန့်ရဲ့ကမ္ဘာလေးဟာ အခုတော့နှစ်ယောက်တည်း လှပလွန်းတယ် ။
တောအုပ်လေးတစ်ခုထဲက အိမ်ဟောင်းလေးတစ်ခုကိုပြန်ပြင်ပြီး တူတူနေကြတယ် ။
သူတို့အတွက် အိမ်ကြီးအိမ်ကောင်းတွေ နောက်လိုက်တပည့်တွေမလိုဘူး ၊ ချစ်ရသူနဲ့အတူရှိနေတဲ့နေရာတိုင်းဟာ နိဗ္ဗာန်ပဲမလား ။
ဘယ်သူမှဝင်လို့မရအောင် စည်းအထပ်ထပ်ချထားတာကြောင့် ဝမ်မျိုးနွယ်တွေ ရှာမတွေ့နိုင်ဘူးဆိုတာ အသေအချာပဲပေါ့ ။

" ဝေ့ရင်း ဒီကိုလာ အနားယူတော့ မွန်းတည့်နေပြီ "
ဝေ့ရင်းလဲ ထင်းခွဲနေရင်းကနေ ပုဆိန်ကိုပစ်ချကာ သူ့ရဲ့သခင်လေးနားအပြေးသွား တော့တယ် ။
" ဟုတ်ပါပြီ သခင်လေးရေ "
လန်ကျန့် ပုဝါလေးကိုကိုင်ပြီး ဝေ့ရင်းရဲ့မျက်နှာကချွေးတွေကို တယုတယ သုတ်ပေးလို့နေတယ် ။
ချစ်ရသူနဲ့ အတူရှိနေတာလောက်ပျော်စရာမရှိဘူးလေ ။

ဝေ့ရင်းလဲ သူ့ omega လေးရဲ့ အလှကိုကြာကြာမခံစားနိုင် အသဲတယားယားဖြစ်လာတာကြောင့် လန်ကျန့်ရဲ့ လည်ပင်းလေးကိုငုံ့နမ်းလေးရင်း မြင်သာတဲ့အမှတ်အသားလေးတစ်ခု လုပ်လိုက်တော့တယ် ။
နီညိုရောင် အမှတ်အသားလေးဟာ ဖြူဖွေးတဲ့အသားအရည်လေးနဲ့ပနံသင့်စွာ လှပနေတယ် ။

I am your ALPHA and you are my OMEGAWhere stories live. Discover now