မြတ်နိုးလှစွာသော ဦး (၁)

734 5 6
                                    

ရင်မှာအမြတ်တနိုးထားရတဲ့ ပန်းပွင့်လေး
မထိရက်မကိုင်ရက် အလှကြည့်နေခဲ့တာ
အချိန်တန်တော့လဲ ကြွေခဲ့ပြီ~~~~~~

( Monday's Morning )

"Play the ping pong ~~~Tiki taka ta
Play the ping pong ~~~Tiki taka ta
Darling my darling ~~~"

"Hello...."
အိပ်ချင်မူးတူးလေသံဖြင့် ထူးအိန္ဒြေကျော် တစ်ယောက် ဖုန်းထ ကိုင်လိုက်သည်။

"ဟဲ့ နင်မထသေးဘူးလား အခုထိ ငါက ကားပေါ်ရောက်နေပြီ နင်ကအိပ်ရာထဲမှာ ပြီးရင် ငါက နင့်အိမ်မှာ နာရီ၀က် တစ်နာရီနင်အလှပြင်တာစောင့်ရဦးမယ် သင်တန်း က‌ထပ်နောက်ကျရင်လဲ အဆူခံရဦးမယ် ထလိုက်ပါတော့ အထူး ရယ် "

အထူးသူငယ်ချင်း ယုဝေတစ်ယောက် ထုံးစံအတိုင်းပေါက်ပေါက်ဖောက် ‌လိုက်သည်။

"ဟာာ နင်ကလဲပူညံ ပူညံ နဲ့ ထပြီ ထပြီလို့ နင်သာအရင်ရောက်အောင်လာ တကယ်ပဲ အဖွားကြီးကျနေတာပဲ "

"အေးပါ အေးပါ မယ်မင်းကြီးမရယ် နင်သာအရင်ထ
ညဘက်ကြရင်မအိပ်မနေ K dramaတွေအသေကြည့် မနက်ကျရင်သေအောင်အိပ်
သင်တန်းရှိတဲ့ရက်ဆိုရင်တော့ ဟယ် နဲနဲလေးး လျှော့ကြည့်ပေါ့ဟယ် တစ်ပတ်မှ နှစ်ရက်ထဲဟာကို "

" အေးပါ အေးပါ တော်ပါတော့ ငါထပြီ ဒါပဲ"

ထူးအိန္ဒြေ ကျော် ဆိုသည်မှာ K dramaရူးး အပျင်းကြီး အသက် ၁၆နှစ်အရွယ်ကောင်မလေးတစ်ယောက် ပင်ဖြစ်သည်။
သူ့ဘ၀မှာ K dramaတွေကလွဲရင် ဘာမှစိတ်၀င်စားမှု့မရှိ ပေ ။ Korea ဘာသာစကား သင်တန်းကို လွန်ခဲ့တဲ့အပတ်က မှJoinထားပြီး အခုလဲ မသွားချင်သွားချင်အပျင်းထူနေသော ကောင်မလေး ပင်ဖြစ်သည်။ အရပ်ပုပု အသားဖွေးဖွေး ပါးဖောင်းဖောင်းး အထူး အထူးဟု သူ့ကိုယ်သူ နာမ်စားပြောတတ်သည့် ချစ်စရာကောင်မလေး တစ်ယောက်လဲဖြစ်သည်။ အသက်သာ ၁၆နှစ်ပြည့်ခါနီးး အခုထိကလေးစိတ်ကမပျောက် ရည်းစားဆိုလဲ တစ်ခါမှ မထားဖူးသောကောင်မလေးပင်။
အထူးကိုစိတ်၀င်စားတဲ့ ကောင်လေးတွေ ပိုးပန်းကြတဲ့ကောင်လေးတွေ ရှိပေမာ့်အထူး စိတ်မ၀င်စား
အထူး စိတ်၀င်စားသည်မှာK dramaများသာဖြစ်သည်

ယုဝေဆိုသည်မှာ အထူး၏ အချစ်ရဆုံးသောသူငယ်ချင်းဖြစ်သည် အထူးထက်ရင့်ကျင်ပြီး အထူးအပေါ် သည်းခံ ချစ်ပေးသော တစ်ဦးတည်းသော သူငယ်ချင်ဖြစ်သည်။
ယုဝေ ကတော့အထူးနဲ့ဆန့်ကျင်ဘက် အရပ်ရှည်ရှည် အသားဖြူဖြူ ပင်ဖြစ်သည်။
အရာရာတွင် ယုဝေ ကအထူးကိုဦးစားပေးသည်
အခြားသူငယ်ချင်းတွေ ရှိသော်ငြားလဲ မထူးက ယုဝေလောက် မတွယ်တာပေ~~~~

You've reached the end of published parts.

⏰ Last updated: Nov 29, 2021 ⏰

Add this story to your Library to get notified about new parts!

မြတ်နိုးလှစွာသော ဦးWhere stories live. Discover now