အဖြူရောင်ခြယ် OS

101 6 4
                                    

Unicode

အဖြူရောင်ခြယ်

"ငါပြောဖူးတဲ့ ထူးဆန်းတဲ့အပင်လေးဆိုတာလေ၊ နင်လိုက်ကြည့်စမ်းပါ နှင်းစက်ရယ်၊ အဲ့ဒီအပင်လေးကလေ တခြားအပင်တွေနဲ့ မတူဘဲ စိမ်းမြပြီး မြင်ရတာကို အေးချမ်းနေရောဟ၊ ငါပြောတာ မယုံမှာစိုးလို့ ဒီနေ့ဓာတ်ပုံရိုက်လာတယ်၊ ဒီမှာကြည့်"

ဝဿန်က သူ့ဖုန်းနှင့်ရိုက်လာသောပုံများအား မကြည့် ကြည့်အောင် နှင်းစက်မျက်နှာအရှေ့ထိ ဖုန်းကိုအတင်းထိုးပေးနေသည်။ အဲ့ဒီအပင်စိမ်းစိမ်းလေးအကြောင်းကို ဝဿန် ပြောပြနေခဲ့သည်မှာ အတော်ကြာပြီ။ နှင်းစက်အနေနဲ့ကတော့ ဝဿန် စိတ်ချမ်းသာစေဖို့ နားထောင်ပေးရုံမျှသာ ရှိခဲ့သည်။ အမှန်တကယ်ထူးခြားလိမ့်မည်ဟုလည်း မတွေးခဲ့မိပေ။ ဝဿန်က မျက်စိရှေ့အထိ ဖုန်းကိုထိုးပေးလာ၍ နှင်းစက် ပုံတွေကို ကြည့်လိုက်မိခါမှ အံ့အားသင့်ခဲ့ရသည်လေ။ ဝဿန်ပြောတာမလွန်ပေ။ ဒီအပင်ငယ်လေးရဲ့ စိမ်းမြမှုဟာ မြင်ရသူကို အေးချမ်းမှုအတိပေးစွမ်းနိုင်တဲ့ စွမ်းအားတစ်ခု ရှိနေပေသည်။ ဝဿန်ရော နှင်းစက်ပါ ဒီအပင်ငယ်ဟာ ဘာအပင်ရယ်လို့ တိတိပပမသိကြပါ။ သို့သော် မြင်လိုက်ရုံနှင့် ကြည်နူးမှုကို ခံစားမိစေတာတော့ အသေအချာသိနေသည်။

နောက်ရက်တွေမှာ ဝ​ဿန်ခေါ်ဆောင်ရာ အပင်စိမ်းလေးဆီ နှင်းစက်လိုက်ကြည့်မိသည်။ နှစ်လိုဖွယ်အပြည့်ရှိသော ဒီအပင်စိမ်းလေးက အမှတ်တမဲ့ကြည့်မိလျှင် သူတစ်ကိုယ်ထဲနေလိုဟန်နှင့် သီးခြားတည်ရှိနေ၏။ ဝဿန်နှင့် နှင်းစက်တွေးမိသည်က ဘယ်လောက်များ အထီးကျန်ဆန်လိုက်ပါသလဲဟူ၍ပင်။ ဝဿန်က အပင်စိမ်းလေးနှင့် နှင်းစက်ကို မိတ်ဆက်ပေးသည်။

"အပင်စိမ်းလေးရေ... ဒီမှာ ငါ မင်းအတွက် သူငယ်ချင်းအသစ်တစ်ယောက်ခေါ်လာပေးတယ်၊ နောက်ဆို မင်းက တစ်ယောက်ထဲမဟုတ်တော့ဘူးနော်၊ ငါရယ် နှင်းစက်ရယ်က မင်းကိုအဖော်ပြုပေးမှာ၊ မင်း မပျင်းရအောင် ငါတို့က အမြဲတမ်း စကားတွေလာပြောပေးမှာ၊ နှင်းစက်...အပင်စိမ်းလေးကို နှုတ်ဆက်လိုက်ဦးလေ"

အပင်စိမ်းလေးကိုပြောနေရင်း နှင်းစက်ဘက်ကိုလှည့်ကာ ဆိုလာခြင်းဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Apr 12 ⏰

Add this story to your Library to get notified about new parts!

အဖြူရောင်ခြယ်Where stories live. Discover now