(Uni)
မောင်းမကန်၏ပင်လယ်ရေများက လှိုင်းလုံးများနှင့်အတူ မျှော်ပါလာပြီး သဲသောင်ပြင်ကမ်းစပ်တွင် လမ်းလျှောက်နေသော ကျွန်တော့်ခြေဖဝါးကို ထိကပ်လာ တော့ ပင်လယ်ရေ၏အေးစက်မှုက ကျွန်တော့်ခြေဖဝါးမှတစ်ဆင့် ကျွန်တော့် တစ်ကိုယ်လုံးကိုတောင် အေးမြလမ်းဆန်းသွားစေသည်၊၊ တိတ်ဆိတ်လွန်းလှသည့် ပင်လယ်ကမ်းခြေပတ်ဝန်းကျင်တစ်ခုလုံး အဝေးမှ ခပ်ကြမ်းကြမ်းတိုက်ခတ်နေသည့် ပင်လယ်လေပြင်းတိုးသံမှလွဲ၍ အရာအားလုံးက တိတ်ဆိတ်လွန်းလှသည်၊၊ တစ်ချက် တစ်ချက် လေနှင့်အတူ ကပ်ငြိပါလာသည့် ပင်လယ်လေရနံဆိုသည့် ခပ်စိမ်းစိမ်းရနံက အရိုင်းဆန်ဆန် ကျွန်တော့်စိတ်ကိုခံစားရစေသည်၊၊ ပင်လယ်ကို ကျွန်တော် သဘော ကျသည်၊၊ အဆုံးအစမရှိပင်လယ်ထဲ ဘယ်တော့မှမကုန်ခမ်းနိုင်သည့် ရေပြင်ကျယ်ကြီး က ပင်လယ်ကို ပိုလို့လှပစေခဲ့သည်လား၊၊ ညနေစောင်း နေဝင်ဆည်းဆာ အလင်း ရောင် မှိုင်းမှိုင်းက ပင်လယ်ရဲ့ ရှိရင်းစွဲအလှကို ပိုပြီး အသက်ဝင်စေခဲ့သည် ၊၊ ကျွန်တော့် အတွက်တော့ အခုလက်ရှိ မြင်မြင်သမျှအရာအားလုံးကို ခံစားနေမိသည်မှာ လှပလွန်း သည့် ပင်လယ်ပြင်ကြီး ကြေင့်လား၊၊ တိုက်ခတ်နေသည့် လေနုအေးလေးကြောင့်လား။
ဟင့်အင်း!။
ဒါတွေထက် ကျွန်တော့်ကို လှပစေသည့်အရာ တစ်ခုရှိသည်လေ။
"ဘာတွေ တွေးနေတာလဲ "
ကျွန်တော့်လက်ချောင်းတွေကြား လက်ချင်းယှက်ကာ ဆုပ်ကိုင်ထားသည့် ခပ်နွေးနွေးလက်ဖဝါးတစ်ခုကြောင့် ကျွန်တော်ပင်လယ်ပြင်အဆုံးရှိ လှမ်းမြင်နေရ သည့် အနီရောင်နေမင်းကြီးကို လှမ်းကြည့်နေရမှာ သူ့ကို လှည့်ကြည့်လိုက်သည်။ ကျွန်တော့်ကို ပြုံးကာစိုက်ကြည့်နေသည့် အထက်စီးဆန်ဆန်အပြုံးနှင့် နုတ်ခမ်းပါး လေးတစ်ခုကို ကျွန်တော်မြင်တော့၊၊ ကျွန်တော့်အတွက် ပျော်ရွှင်ခြင်းဆိုတာ သူ့ရဲ့ ထိုအထက်စီးဆန်ဆန် အပြုံးတစ်ခုဖြစ်သည်၊၊ ကျွန်တော့်အတွက် ပြည့်စုံခြင်းဆိုတာ သူ့ရဲ့ မာနနှင့်ဖုံးလွှမ်းနေတတ်သည့် ခပ်မှေးမှေးမျက်ဝန်းတစ်စုံဖြစ်သည်၊၊ ကျွန်တော့် အတွက် အေးမြခြင်းဆိုတာ သူ့ရဲ့အရိုင်းဆန်သည့် ကိုယ်သင်းရနံဖြစ်သည်၊၊ ဒါဆို ကျွန်တော့်အတွက်နွေးထွေးခြင်းဆိုတာလည်း သူ့ရဲ့ကျယ်ပြန့်သည့် ရင်ခွင်ကြီးဖြစ်နိုင် သည်၊၊ ကျွန်တော် ထိုရင်ခွင့်ထဲ အချိန်ပြည့် တိုးဝင်နေချင်မိရဲ့၊၊
YOU ARE READING
နတ်ဆိုး
Romansaအချစ်က နတ်ဆိုးတစ်ကောင်လိုပဲ အရာအားလုံးကို ပျက်ဆီးစေခဲ့တယ်။ သုတ စောယူရီကို ဝေမင်းခန့် OC Ver