ရင်ခွင်ငယ်

3 0 0
                                    

"ဟဲ့ နင်ကလည်း လာခဲ့ပါဟယ်။ ဒီမှာ လူစုံနေပြီ။ ငါ့အိမ်မှတ်မိတယ်မလား။ ငါထွက်မကြိုတော့ဘူးနော်...ဘိုင့်ဘိုင် ဆီးယူ သဲလေး အာဘွား"  

 
သူတစ်ယောက်တည်း ကရားရေလွှတ်ပြောပြီး ဖုန်းချသွားတဲ့ ထက်အိ။ ဒီကောင်မလေးရဲ့ တစ်ဖက်လူစကား ဘယ်တော့မှ နားမထောင်တဲ့အကျင့်က သက်ဝေတင်မဟုတ်၊ ဘယ်သူမှပြင်လို့ရမှာမဟုတ်။

အသည်းကွဲနေတဲ့ ဆုပြည့်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အရက်ဝိုင်းမှာ သက်ဝေကဘယ်လိုဖြစ်ပြီး စာရင်းပါသွားရတာလဲ? ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်တွေမို့ သက်ဝေသွားဖို့ ဆုံးဖြတ်ရတော့သည်။

'သွားပဲသွားမှာ၊မူးအောင် မသောက်ဘူး။အမေ့လက်စွမ်းကို မေ့လို့မဖြစ်ဘူး'

ထက်အိတို့လမ်းက ကျဉ်းလို့ ကားကိုလမ်းထိပ်မှာရပ်ထားပြီး လမ်းလျှောက်ဝင်လာရသည်။ ကိုယ့်အတွေးနဲ့ကိုယ်လျှောက်လာရင်း လမ်းရဲ့ သုံးပုံတစ်ပုံအရောက်လောက်မှာ နားရွက်ဘေးကနေ ဝှီးခနဲဖြတ်သွားတဲ့ ဘောလုံးကြောင့် သက်ဝေကြောင်အပြီး ရပ်လိုက်မိသည်။

သတိဝင်လာချိန် ဘောလုံးလာရာ ဦးတည်ရာဘက်ကို ဘုကြည့်ကြည့်တော့ မကျေကြည့်ကြည့်နေတဲ့ မျက်လုံးတစ်စုံနဲ့ဆုံသည်။ဘာလဲ၊အခုငါက မကျေကြည့်နဲ့အကြည့်ခံရမယ့်သူလား?

တစ်ယောက်တည်းတောင် ဘောလုံးကို ဒီလိုကန်တဲ့ကောင်လို့တွေးမိနေတုန်း သက်ဝေအမြင်လျှမ်းသွားမှန်း သိလိုက်၏။ ဘာလို့ဆို အဲ့ကောင်နောက်ကထွက်လာတဲ့ ကလေးသုံးလေးကောင်လောက်ကို တွေ့လိုက်ရလို့ပင်။ 

ဒီကောင့်လိုပဲ အရင်က ကိုယ့်လမ်းထဲကိုယ် ကလေးဗိုလ်လုပ်ခဲ့ဖူးတာကိုတောင် သတိရသွားပြီး ငယ်ဘဝကိုတောင် သက်ဝေလွမ်းမိသွားသည်။ 

'ဪ အဲ့ကလေးတွေတောင် ငါ uni တက်ကတည်းက ဗြောင်းဆန်အောင် မဆော့ရ..ရ..'
"ဟိုလေ စိတ်မရှိရင် ဘောလုံးလေးကောက်ပေးပါ"

အတွေးစကို တန်းလန်းအဖြတ်ခံလိုက်ရပေမယ့် ယောင်အမ်းအမ်းနဲ့ပဲ သက်ဝေတစ်ယောက် ဘောလုံးကောက်ပေးဖြစ်သည်။

'ကလေးတွေရှေ့ သဘောထားသေးသိမ်တဲ့သူ မဖြစ်ချင်လို့ပါနော်။ဒီကောင်တစ်ယောက်တည်းသာဆို သည်းခံနေမှာ မဟုတ်ဘူး'

ရင်ခွင်ငယ်Where stories live. Discover now