part 7// 💢️[unicode]

227 18 1
                                    

Unicode

ပြတင်းပေါက်မှာချိတ်ဆွဲထားတဲ့ဆည်းလည်းသံလေးနဲ့အတူ 'ပျိုးရေ...ငါလာတယ်ဆို'တဲ့အသံကြောင့် ပျိုးမနက်ခင်းလေးဟာကဗျားဆန်မလိုလိုနဲ့မဆန်ခဲ့ပါ။မြန်မြန်ဆန်ဆန်အိပ်ယာထပြီး အိမ်ရှေ့အပြေးသွားကာတံခါးဖွင့်ပေးရသည်။

"အစောကြီး ဘာလာလုပ်တာလဲ?!"

"ဟက်!! နာရီလည်းကြည့်ဦး ၈နာရီထိုးနေပြီ!"

"ဟုတ်လား?!"

"ဟုတ်တယ်!"

"ဒါနဲ့ နင်ကဘာလာလုပ်တာလဲ?"

"ဘာလာလုပ်ရမှာလဲ အန်တီကနင်အိမ်ပြန်လည်းမအိပ်ဘူးအိမ်ပြန်လည်းထမင်းမစားဘူးဆိုလို့ ငါ့တို့ဆိုင်ကိုဘိုကင်ချိတ်ထားတာ‌ အဲ့တော့ငါကငါသူငယ်ချင်းလည်းဖြစ် ငါတို့ဆိုင်ရဲ့အားပေးသူလည်းဖြစ်တဲ့ နင့်ကိုကိုယ်တိုင်လာကျွေးတာပေါ့"

အရပ်ပုသလောက်လေကြောရှည်နိုင်တဲ့သူငယ်ချင်းကိုခေါင်းသာရမ်းကြည့်မိသည်။

"ခုလက်ထဲကဘာတွေလဲ"

"လက်ဖက်ရည်နဲ့ ပဲပလာတာ(တစ်ချိူ့က ပဲပျော့လို့ခေါ်တယ်) ၊ လက်ဖက်ရည်ကနင့်အကြိုက်ချိူ့ဆိမ့်နော် ၊ ငါ့အဖေကိုယ်‌တိုင်ဖျော်ပေးလိုက်တာ"

သံသာတို့ဆိုင်က သံသာအဖေက လက်ဖက်ရည်ဆိုင်ဖွင့်တယ် သံသာအမေထမင်းဆိုင်ဖွင့်တယ် တော်တော် စီးပွားရေးသောင်းကျန်းတဲ့မိသားစု။ထမင်းဆိုင်နဲ့လက်ဖက်ရည်ဆိုင်ကကပ်လျက်လေ။သူ့အမေနဲ့အဖေနဲ့ကတော့ ကောင်တာထိုင်ယုံပဲ ၊ တခါတလေတော့ ဝင်လုပ်ကိုင်ပေးတက်သေးသည်။

"ကဲ လာလာ အထဲ....."

အပြောတောင်မစောင့်လူကိုတွန်းကာအထဲဝင်သွားမှာ ထမင်းစားခန်းထဲရောက်သည့်အထိပဲ။

"ငါထည့်လိုက်မယ်နော်!"

"အေး ၊ ငါမျက်နှာသစ်လိုက်ဦးမယ်"

"အေးအေး"

ပျိုးမျက်နှာသစ်ပြီးပြန်ထွက်လာတော့ သံသာကသတင်းစာဖက်လို့ သတင်းစာကစိုက်ပျိုးရေးနဲ့ပတ်သက်တာတွေ အမယ်! သူနားလည်တာကျလို့။

"ဪ ပြီးပြီလား"

"အေး"

"ဆိုစမ်းပါဦး"

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now