"ကိုကိုရေ...ကိုကို..
ကိုကို ဘယ်မှာလည်း.."ရိပေါ် မနက်စာစားပြီး ပန်းကန်ဆေးနေတုန်း လှစ်ခနဲပျောက်သွားသည့် ကိုကိုကြောင့် ခေါင်းမီးတောက်ရပြန်သည်။
"ကိုကိုရေ.."
"မောင်ရေ...ကိုကိုဒီမှာ"
အသံကြားရာနောက်လိုက်သွားမိတော့ တွေ့ပါပြီး နှင်းဆီအိုးလေကိုင်ကာ ထရပ်လိုက်သည့်ကို့ကို့ကြောင့် ရိပေါ်ခြေထောက်များမှာ မော်တာတပ်ထားသကဲ့သို့ ချက်ချင်းရောက်သွားခဲ့သည်။
"ကိုကိုရာ..ဘာလို့ အလေးကြီးတွေ မ,နေတာလည်း...ပေးမောင့်ကို..."
"မောင်ရယ်..နှင်းဆီ တစ်ပင်တည်းထည့်စိုက်ထားတဲ့ ကော်အိုးကြီးကို မင်းမို့လေးတယ်ပြောတယ်"
"ဘာဘဲဖြစ်ဖြစ် ကိုကိုရာ...အခုချိန် ဘာမှမလုပ်ပါနဲ့...ငြိမ်ငြိမ်လေးဘဲ နေလေနော်...ဆရာဝန်ကလည်းမှာထားတယ်မလား"
"အင်းပါ...နောက်မလုပ်တော့ပါဘူး"
"မောင့် ကိုကိုက လိမ္မာလိုက်တာ မွ"
အူယားလွန်းလို့ ခေါင်းလေးကို ထိန်းကိုင်ပြီး နှုတ်ခမ်းလေးကို အနမ်းပေးမိတော့...
"မောင့် ဘာလုပ်တာလည်း"
"နမ်းလိုက်တာလေ"
"မောင်နော် ဗိုက်ကြီးသည်ကို နမ်းရင် ငရဲကြီးတတ်တယ်တဲ့...မင်းမသိဘူးလာ"
"တစ်ကယ်လား...ရပါတယ်လေ..ဒါဆိုလည်းမောင်ငရဲကြီးဘဲခံခိုက်တော့မယ် မောင်မှ ကိုကို့ကို မနမ်းဘဲမနေနိုင်တာ"
"မင်းဘဲစကားတတ်"
"ဟီး..လာ အိမ်ထဲသွားမယ်"
ရိပေါ် ကိုကို့လက်ကလေးကိုတွဲပြီး ခါးလေးကိုထိန်းကိုင်ပေးကာ အိမ်ထဲဝင်စေလိုက်တယ်။ အပြင်မှာနေပူတယ်မလား။ ခြောက်လရှိသော ဗိုက်ကလေးကို ထိန်းကိုင်ကာ ဖြည်းဖြည်းချင်းလျှောက်နေသော ကိုကိုက ချစ်စရာ အတိ။
ဆိုဖာပေါ် အသာထိုင်စေပြီး အသင့်စိပ်ပေးထားသော ပန်းသီးပန်းကန်လေး ထိုးပေးလိုက်တော့ ခက်ရင်းလေးနဲ့ထိုးကာ တစ်ကိုက်ကိုက်ပြီး ကိုယ့်ဘက်ကိုပြန်လှည့်လာသောကြောင့်...
YOU ARE READING
Infinity...(Complete)
Hayran Kurguသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)