Unicode
"မြှောင်~မြှောင်~"
သုခွန်ဦး တစ်ယောက်အလုပ်ပိတ်ရက်
မလို့ အားရပါးရအိပ်မလို့စီစဥ်ထားပေမယ့် သူ့ပါးအား
လျှာဖြင့်လျှက်ကာ တမြှောင်မြှောင်နှင့် အော်နေသော သူ့ရဲ့ အချစ်တော်ကြောင်လေးကြောင့် အိပ်ချင်မူးတူး
ဖြင့်အိပ်ယာထက်၌ ထထိုင်လိုက်မိလေသည်။သုခွန်ဦး
နိုးသည်နှင့် သူ့ရင်ခွင်ထဲသို့ အတင်း တိုးဝှေ့ဝင်လာ
ကာ ခဏနေပြီးနောက် ရင်ခွင်ထဲမှ ထိုကောင်လေး
ပြေးထွက်သွားရင်း အစာခွက်ရှိရာနေရာ၌ သွားထိုင်
နေလေတော့သည်။"လက်စသတ်တော့ ဗိုက်ဆာနေလို့ကို"
သုခွန်ဦး ရေရွတ်လိုက်ရင်း မျက်လုံးတစ်
ဖက်အား လက်ဖြင့် ညှင်သာစွာပွတ်လိုက်ပြီးနောက်
အိပ်ယာပေါ်မှဒယိမ်းဒယိုင်ထကာ ပထမဦးဆုံးကြောင်
စာအား သွားထည့်ပေးလိုက်မိတော့သည်။ပြီးနောက် သုခွန်ဦးလည်း ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းရှိ
ရာဆီသို့သာ ဦးတည်လိုက်မိလေတော့သည်။"ဒီနေ့လည်း မိုးအုံ့တာပဲ..."
ရေချိုးခန်းထဲမှထွက်လာတော့ ကုတင်
ဘေးရှိ ပြတင်းပေါက်မှရှင်းလင်းစွာတွေ့မြင်နေရသော
အုံ့မှိုင်းနေသည့် ကောင်းကင်ကြီးကိုကြည့်ရင်း မျက်
နှာပေါ်မှ အပြုံးတို့ဟာ ရုတ်ချည်းဆိုသလို ပျောက်
ကွယ်သွားချေသည်။သူ ထိုပြတင်းပေါက်အား မျက်
နှာလွှဲလိုက်ရင်း အဝတ်အစားတို့အား အဆင်ပြေသည်
တို့ကို ရွေးထုတ်ဝတ်ဆင်ပြီးနောက် သူ့ခြေလှမ်းတို့
အား မီးဖိုချောင်ထဲသို့သာ ဦးတည်စေခဲ့သည်။
အစာဝသွားပြီဖြစ်သော ကြောင်လေးဟာ
ဖြင့်လည်း ကြမ်းပြင်ပေါ်၌ ခွေခွေလေးအိပ်လို့နေလေ
သည်။မနက်စာအတွက် ကော်ဖီဖျော်ပြီး ပေါင်မုန့်လေး
တစ်ချပ်ကိုယူကာ ကုတင်ပေါ်သို့ ပြန်တက်လိုက်မိ
ချေသည်။ပြတင်းပေါက်ဘောင်ပေါ်တွင် ကော်ဖီခွက် ကလေးအားတင်လိုက်ရင်း အုံ့မှိုင်းနေသော ကောင်း
ကင်ကြီးအား ငေးကြည့်မိတော့ တောင်းပန်ခွင့်မရခဲ့
သော တစ်စုံတစ်ယောက်အား သတိရလိုက်မိပြန်
တော့သည်။မိုးတွေအုံ့တိုင်း လွမ်းဆွေးရမိပါသော ထိုကောင်ငယ်လေးရဲ့ ဖြူစင်လွန်းသော အပြုံးလေး
တစ်ပွင့်ဟာ အမြင်အာရုံ၌ တရေးရေးဖြင့် ပြန်ပေါ်
လာလေသည်။ထို့သို့ဖြင့် သူ့အတွေးတို့ဟာ အတိတ်
တစ်ချိန်က ဖြစ်ရပ်များဆီသို့ တစ်ဖန်အလည်သွား
မိပြန်တော့လေသည်။
:
"ဟဲ့ အဲ့ကောင်လေးမလား သုခွန်ဦးကို ကြိုက်နေ
တယ်ဆိုပြီး သတင်းထွက်နေတာလေ..."
![](https://img.wattpad.com/cover/293218988-288-k221764.jpg)
YOU ARE READING
သူ...(one shot)
Short StoryUnicode- အချိန်လွန်မှ သူ့အပေါ်မှာခံစားချက်ပိုနေမှန်း သိခဲ့ရတယ်...။ Zawgyi- အချိန်လွန်မှ သူ့အပေါ်မှာခံစားချက်ပိုနေမှန်း သိခဲ့ရတယ်...။ ---------------------------------------------------🥀 Start date-{12.12.2021} End date-{12.12.2021}