ဟင်!......အသံ.... အသံက မိန်းခလေးအသံကြီး ဒါဆို.....ဒါဆို သမီးကြီးများလား......'' မင်း......မင်းနာမည်ဘယ်သူလည်း ပြီးတော့မင်းက မိန်းခလေးလား.... ''
'' ကျွန်တော့နာမည် အလွင် ပါ ကျွန်တော်တကယ်မခိုးပါဘူးဗျာဦးလေးရယ် သူတို့အထင်လွဲတာပါဗျာ ''
'' ဟေ့ကောင်....မင်းသေချင်လို့လား ဗြောင်မလိမ်နဲ့ မင်းဖြတ်ပြေးတာငါတွေ့တယ် ဆွဲကြိုးက သူလမ်းမှာလွှင့်ပစ်ခဲ့ပြီဗျ သူ့ကိုမိတော့မယ်ဆိိုတာသိလို့ ''
လူအုပ်ကြီးကလှုပ်လှုပ်ရွရွ ပြန်ဖြစ်လာခဲ့သည်။ ဦးဝန်းရံပိုင်၏ မျက်ဝန်းတွေက လူငယ်လေးဆီမှာသာ စိုက်တန့်လို့ ဘာလုပ်ရမလဲ... ဟု ခေါင်းထဲမှာအပြေးအလွှားတွက်ချက်စီစဥ်လိုက်သည်။ ဒီကောင်မလေးနှင့် အေးအေး ဆေးဆေး လွတ်လွတ်လပ်လပ် သူ စကားပြော ခွင့်ရချင်သည်။ မေးစရာမေးခွန်းတွေ အများကြီး။ ဒီလူအုပ်ကြီးရှင်းလင်းသွားအောင် အရင်လူစုခွဲပစ်ရမည်။
'' ကဲ......ဒီလိုလုပ်ကွာ ငါဖြေရှင်းပေးမယ် ၊ ဒီက ကလေးမကို ငါ့ကားနဲ့ရဲစခန်းသွားပို့ပေးမယ် ဒါဆို မင်းတို့ကျေနပ်လား ''
'' ဦးလေး သတိထားဦးနော် ၊ မိန်းခလေး
ပေမယ့်သတိထားဦး ဦးလေးဆီက ထပ်နှိုက် သွားဦးမယ် ဦးလေးကားကြီးနဲ့ဖြစ်ပါ့မလား'''' ဘာဖြစ်လို့မဖြစ်ရမှာလည်းကွာ ငါဒီကလေးမ ကိုအချုပ်ထဲ ပို့ခဲ့မယ်၊မင်းတို့ လက်ထဲမှာထား ခဲ့ရင် တစ်ယောက်တစ်ချက်နဲ့လက်လွန်သွား လိမ့်မယ် ဟုတ်ပြီနော်......''
'' ဟိတ်ကောင်မလေး မင်းငါ့ကားပေါ်တက်''
'' ဦးလေး ဒီကောင်မ ဥာဏ်များတယ်နော် ဦးလေးကားပေါ်ကနေ လစ်ပြေးသွားလိမ့် မယ် ''
'' ဟေ့ကောင်တွေ....ငါလည်းရဲမှူးဟောင်းပါကွ ဒါလောက်တော့ငါလည်း သိပါတယ် ''
ဦးဝန်းရံပိုင် စိတ်မရှည်နိုင်တော့။ ခပ်တည်တည်ပင် လိမ်ညာဖြီးဖြန်းပစ်လိုက်တော့မှ
လူအုပ်ကြီးတဖြည်းဖြည်းလူစုကွဲသွားတော့ သည်။'' သား.....ဟိုဘက်တိုးပေးလိုက် သူ့ကိုခေါ်သွား မလို့ ''
ခါးပိုက်နှိုက်ကို ကားပေါ်တင်ခေါ်နေသဖြင့် သူ့မိသားစုအားလုံး တအံ့တသြ။ သားက မျက်ခုံးရှုံ့ကာသူ့ ညီမဘက်သို့ တိုးရွှေ့ပေးရင်း အဖေကို နားမလည်နိုင်သလို ကြောင်ကြည့်နေသည်။ သမီးကလည်း မျက်စိမျက်နှာပျက်လို့.......
YOU ARE READING
မရဲ့....မူပိုင်ရှင်
Short Storyအမှတ်တရသိမ်းထားချင်မိတဲ့ normalfic တွေကိုရောသမမွှေထားတာပါ အမှားပါရင်ခွင့်လွှတ်ပေးစေချင်ပါတယ်ဗျာ🙏🙏