Extra - 4

1.5K 132 84
                                    

[Unicode]

"I f%$king love you...oh...yeah yeah..."

သံစဉ်လိုက်ကာ သီဆိုနေသော ယောက်ျားတစ်ဦး၏ ဩရှရှအသံနှင့် တဝီဝီတုန်ခါနေသော အင်ဂျင်သံအား ရောထွေးကာကြားနေရတာမို့ မသိလိုက်ခင်အချိန်မှာပဲ ထယ်ယောင်းနိုးလာခဲ့ရ၏။

မျက်လုံးဖွင့်လျက်သားဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်အား စူးစမ်းမိပါတော့...

"ဟင်!...ဘူဆန်တောင်ရောက်နေပြီလား..."

စပါးရွှေဝါ မြက်ရိုင်းပြာတို့ဖြင့် ပြည့်နှက်နေသော ကွင်းပြင်ကျယ်များအစား တိုက်တာအဆောက်အဦးများဖြင့် ပြည့်နှက်နေသော မြို့တွင်းမြင်ကွင်းတစ်ခုအား ရုတ်ခြည်းမြင်လိုက်ရတာမို့ မျက်လုံးပင် ပြူးကျယ်သွားရသယောင်။

"အခုမှ မြို့အဝင်ဝပဲရှိသေးတာပါ ထယ်ရဲ့...ဘာဖြစ်လို့လဲ..."

လေသံအေးအေးနှင့် ဆိုလာသည့် ဂျွန်းစကားသံအားကြားမှ အသိကပ်တော့သည့် ဖြစ်ခြင်းရယ်ပါ။

"ဘာမှမဖြစ်ပါဘူး...ရုတ်တရက်ကြီးဆိုတော့ အံ့ဩသွားလို့ပါ..."

"ဟုတ်ပါပြီဗျာ..."

တွေးစစလေး ဖြေလိုက်တော့ ခပ်စစမျှ သူပြုံးလာလေရဲ့။ မိမိအား မကြည့်ပါပဲနှင့်ပေါ့။

ထပ်ပြီးတော့ပဲလား ဂျွန်းရယ်...။

မဆီမဆိုင်ပင် အစောပိုင်းကအတွေးများ ဝင်ရောက်လာလေတော့ လူမှာ အလိုလိုဝမ်းနည်းရပြန်ပါသည်။ သို့ပေမဲ့ ထယ်ယောင်းဖြည့်တွေးလိုက်ပါ၏။

ကားမောင်းနေလို့ပဲ ဖြစ်မှာပါ...။ ဟုတ်တယ်...ကားမောင်းနေလို့ ဂရုမစိုက်နိုင်တာ...။

အတက်နိုင်ဆုံး ဖြည့်တွေးပေးလိုက်ကာ ကားမှန်မှတစ်ဆင့် မြင်နေရသော ကားရောင်စုံကိုသာ အကြောင်းအရင်းမဲ့ ငေးကြည့်နေလိုက်ပါသည်။ စိတ်သက်သာလို သက်သာငြားပေါ့။

မသက်သာတော့လည်း ဘာအရေးလဲ။ လုပ်နေကျအတိုင်း ကြိတ်မှိတ်ခံစားလိုက်ရင် ရနေတာပဲကို။ ပင်ပန်းလာရင် ခဏလှဲအိပ်ပြီး အိပ်မက်ကမ္ဘာထဲမှာ စိတ်ကြိုက်ပျော်ပစ်မယ်။ မွန်းကျပ်လာရင် heart broken song တွေ နားထောင်ပြီး ငိုချပစ်မယ်။ စိတ်ပြေသွားပြီဆို ပုံမှန်ဘဝမှာ ပုံမှန်အတိုင်းနေတက်တဲ့ ကင်မ်ထယ်ယောင်းအဖြစ် ပြန်ကျင်လည်လိုက်မယ်။

ADORABLE hyung [Completed]Donde viven las historias. Descúbrelo ahora