part 8// 💝 [unicode]

309 20 0
                                    

Unicode

ညနေ'နေတော်တော်စောင်းမှ လှိုင်းလည်းအိမ်ပြန်ရောက်သည်။ဖွားဖွားကအပြင်ထွက်တုန်းသူသွားချင်တဲ့နေရာတွေသွားချင်တယ်ဆိုလို့ လှိုင်းမှာဖွားဖွားသွားချင်တဲ့နေရာမှန်သမျှလိုက်ပို့ရချင်ဖြစ်သည်။နေခင်းစာတောင် လှိုင်းတို့အကုန်လုံးအပြင်မှာစားခဲ့ရသည်။"ဥဥလေး"ကိုသွားချော့မလို့ပါဆို ခုတော့နောက်ကျနေပြီလားမသိဘူး။ဟိုဘက်အိမ်အခြေအနေတစ်ချက်အကဲခက်လိုက်တော့ ဥဥလေးအခန်းပြတင်းပေါက်ကလေးကပိတ်ထားဆဲ ဒါသူပြန်မလာသေးဘူးဆိုတဲ့သဘော။ဒါဆို ဥဥလေးခြံထဲမှာပဲရှိလောက်မယ်။ ရေမြန်မြန်ချိုးပြီး 'ဥဥလေး'ရှိသွားဖို့ပြင်လိုက်သည်။

ရေချိုးပြီးအောက်ထပ်ဆင်းလာတော့ အောက်ထကပ်မှာဘယ်သူမှရှိမနေ သူတို့လည်းပင်ပန်းလို့ခဏနားနေကြတယ်ထင်တယ်။အဖွားလည်းနားနေလောက်မှာမို့ အန်တီအခန်းတံခါးတစ်ချက်ခေါက်ကာပြောဖို့ပြင်လိုက်သည်။

ဒေါက်!! ဒေါက်!!

ဒေါ်လေးခုမှရေချိုးပြီးဟန် ခေါင်းသုတ်နေရင်း လှိုင်းကိုတံခါးဖွင့်ကာဆိုသည်။

"ဪ သားလှိုင်း ဘာလို့လဲ"

"ကျွန်တော်အပြင်ခဏသွားမလို့"

"အေးအေး ၊ ကားကိုဖြည်းဖြည်းမောင်းဦး"

~~~~~~~~

ကားလေးမောင်းကာထွက်လာခဲ့လိုက်သည်။မတွေ့ရတာဘယ်နှစ်နာရီရှိပလဲ! ရုပ်ကလေးကိုလွမ်းလှပြီ။တော်တော်ကြာကြာမောင်းနှင်ပြီးနောက် လှိုင်းကားလေး ပျိုးတို့ခြံထဲကလုံခြုံတဲ့နေရာမှရပ်လိုက်သည်။ ကားပေါ်မှ ဆင်းဆင်းခြင်းမီးပျက်သွားတာကြောင့် ဖုန်းဖလက်ရှ်မီးထိုးပြီး ပျိုးနေတဲ့အိမ်ကလေးကိုသွားလိုက်သည်။

မှောင်ရိပ်ပျိုးစပြုနေချိန်မပြတ်စဖူးပြတ်သွားတဲ့မီးကြောင့် 'ပျိုး'ဖယောင်းတိုင်ထွန်းရင်ပြင်ရသည်။အခါတိုင်းမောင်ပုကှိရင်မီးစက်နိုးမှာသေချာပေမဲ့ ‌ပျိုးဒီမှာလာနေကတည်းကမောင်ပုကသူ့အိမ်မှာပြန်နေချင်တယ်ဆိုလို့'ပျိုး'ခွင့်ပြုပေးလိုက်တာကြောင့် မီးစက်နိုးမယ့်လူရှိမနေ။အဲ့တော့ ဖယောင်းတိုင်ထွန်းနေယုံပေါ့။*အိမ်အပေါက်ဝမှာလည်းထွန်းရမယ် အသွားအလာအဆင်ပြေအောင်*ဆိုတဲ့အတွေးနဲ့အိမ်တံခါးလေးဖွင့်ယုံရှိသေး ပေါ်လာတဲ့မျက်နှာကြောင့်...

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now