🐺Unicode🐍
ဆူးခက်နွယ်။ အဆိပ်ပြင်းပြီး ရစ်တွယ်ဆူးငြိစေတတ်သော ဆူးခက်နွယ်။ ရင်မှဖြစ်တည်လာသော ချစ်ခြင်း၊ မုန်းခြင်းတို့ကြောင့် သူ(မ) ပြောင်းလဲခဲ့ရသည်။ မခံချင်စိတ်၊ အရွဲ့တိုက်လိုစိတ်တို့ကြောင့် သူ(မ)၏ ဆုံးဖြတ်ချက်တို့ကား မှားယွင်းခဲ့ရ၏။ သို့သော် သူ(မ)သည်...
--------------------------------
"ငါနင့်ကိုချစ်တယ် ပန်းမာလာ။"
ရှေ့တွင်ရှိနေသည့် ပန်းမာလာဟူသော မိန်းမပျိုလေးထံ ဆူးခက်နွယ်ရင်ထဲမှ ဖြစ်တည်လာသော ချစ်စကားတို့ကို ဖွင့်ဆိုပြီးသည်နှင့် လက်ဖမိုးဖောင်းဖောင်းလေးအား အသာဆွဲယူကာ ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်မိပါ၏။ ဆံမြိတ်ချထားသော နဖူးပြင်ကျဉ်းကျဉ်းထက် အနမ်းခြွေချမိတော့ ပန်းမာလာမှာ ဆူးခက်နွယ်၏ရင်ခွင်ထဲ ပိုမိုတိုးဝင်လာခဲ့သည်။ ဆူးခက်နွယ်မှာတော့ စည်းချက်မမှန်သည့်နှလုံးခုန်သံတို့ကို နားဆင်ရင်း ကြည်နူးစိတ်ဖြင့် မျက်လုံးအစုံကိုသာ မှိတ်ချပစ်မိတော့သည်။
"သမီး ဆူးခက်ရေ။ မထသေးဘူးလား။ နေ့လည်တောင် ရောက်တော့မယ်နော်။"
ကြားလိုက်ရသည့် မာတာမိခင်၏ နှိုးသံနှင့်အတူ မျက်လုံးအစုံဖွင့်ကြည့်မိတော့ ရောက်ရှိနေသည်က ဆူးခက်နွယ်၏ အိပ်ခန်းထဲ။ ညတိုင်းနီးပါး စိတ်ကူးယဉ်ကာ မက်ခဲ့ရသည့်အိပ်မက်ကို ပြန်လည်တွေးတောရင်း ဆူးခက် နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်မိပါ၏။
ငယ်စဉ်ကတည်းက ပေါင်းသင်းလာခဲ့သည့် သူငယ်ချင်းဖြစ်သူ ပန်းမာလာအပေါ် သူ၏စိတ်တို့ မရိုးမသားဖြစ်နေခဲ့သည်ကို ပန်းမာလာအပါအဝင် အခြားသူများ ကြားလျှင်တော့ဖြင့် အလှောင်ခံလိုက်ရမည့်ဖြစ်ခြင်း။
ဆူးခက်လည်း ဖြစ်နိုင်ချေနည်းလွန်းလှသည့် အိပ်မက်ကို အတွေးထဲမှ ဖယ်ထုတ်ရင်း အိပ်ရာမှ ထခဲ့လိုက်တော့သည်။
ငယ်စဉ်ကတည်းက ဖခင်ဆုံးပါးသွားခဲ့သည်မို့ ဆူးခက်နွယ်နှင့် မိခင်ဖြစ်သူ ဒေါ်သီတာမှာ 'အမေတစ်ခု၊ သားတစ်ခု'။ သားအမိနှစ်ယောက်လုံး စကားနည်းသူများဖြစ်ကြသည်မို့ မနက်စာထမင်းဝိုင်းက တိတ်တိတ်ဆိတ်ဆိတ်ပင်။
YOU ARE READING
One Shot (OC) (Completed)
Short Story🐺Unicode🐍 ဆူးခက်နွယ်။ အဆိပ်ပြင်းပြီး ရစ်တွယ်ဆူးငြိစေတတ်သော ဆူးခက်နွယ်။ ရင်မှဖြစ်တည်လာသော ချစ်ခြင်း၊ မုန်းခြင်းတို့ကြောင့် သူ(မ) ပြောင်းလဲခဲ့ရသည်။ မခံချင်စိတ်၊ အရွဲ့တိုက်လိုစိတ်တို့ကြောင့် သူ(မ)၏ ဆုံးဖြတ်ချက်တို့ကား မှားယွင်းခဲ့ရ၏။ သို့သော် သူ(မ)သည...